မိမိနှင့် ပိုင်းခြားမှု့။
နေပါစေတော့.......။
သက္ကရဇ်တွေ ပြို
နာရီတွေ ငိုနေတာလည်း ငါမကြည့်ဘူး......
စိတ်ဓါတ်ကအို မာယာတွေ ပို
ကမ္ဘာပေါ်မှာ လိုနေတာတွေလည်း ငါမသိဘူး......။
သွားပလေ့စေ........။
သီအိုရီ အသေ
ဆွဲကိုင်ခြင်း အသင်္ချေ
ခံခက်ခြင်း အဖြေနဲ့
တိမ်တွေ လေနဲ့ အတူလွင့်ပါး
သွားချင်ရာသာ သွားတော့!!!!!!!!!! ။
ပြီး ပလေ့စေ......။
အရှေ့က လာတဲ့ ညနေ
အနောက်က လာမယ့် မနက်တွေ......
အခွင့်မရှိတဲ့ ""လက်ပြနှုတ်ဆက်ခြင်း"" တွေကို
ကျလာမယ့် ကောင်းကင် မျက်ရည်ကြားမှာ
သဂြိုလ် ပြစ်မယ်.....။
ငါက......
""သိဟ် ""ရာသီ မှာမွေး
သက္ကရဇ် ကိန်းတစ်ခုရဲ့ ဘေး
ကမ္ဘာတစ်ခုရဲ့ ချောင်လေးထဲမှာနေ
လူမမြင်ရတဲ့ ကဗျာတွေရဲ့""အစေ..""
ရူးသွပ်နေတဲ့ စိတ်သောကတွေရဲ့ အဖြေနဲ့
ငိုယိုညည်းတွားသံ ကို လျစ်လျုရှု့
လူ့လောက ထဲက တိတ်တိတ်လေး ခိုးထွက်
(သေခြင်းထက်မှာ..)
ငါ့ကိုယ် ငါ ကဗျာစကားလုံးတွေနဲ့ ""မိတ်ဆက်""
သိပ် စိတ်ပျက်စရာ ကောင်းတဲ့ လူအဖြစ်......
မခံယူဘူး....။
ခု အချိန်မှာ......
ဥနှောက် အခန်းတွေ ဆွဲဖွင့်.....
ညိုညစ်နေတာလည်း မရှိဘူး......၊
ပျိုမြစ်နေတာလည်း မသိဘူး......၊
သွန်ပြစ်ဖို့လည်း မပြည့်ဘူး.......၊
နဂိုက ချစ်ခြင်း
အသံမဲ့တေးချင်းတွေလည်း မရှိတော့ဘူး.......။
တကယ်ရှိနေတာက......။
လူ့လောကကို ""အော့နှလုံးနာ"" နေတဲ့
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ဘဲ.....။ ။
ကကြီး။kyagee13@gmail.com(20.4.11)
No comments:
Post a Comment