စမ်းချောင်း+သစ်ပင်+?=လူတစ်ယောက်
သစ်ပင်....အေးမြခြင်း အသွင်
အရိပ်ဆိုတဲ့ ပုံရိပ်ကို ဆင်လို့
လောက က သက်ရှိတွေ နားခိုဖို့
သူ့ဘ၀ကို ပေးစပ်
ကမ္ဘာမြေကြီး အထက်မှာ ရပ်တည်
ပေးစပ်ခြင်း သဏ္ဍန် ပီပြင်တယ်.....။
စမ်းချောင်း....ကွေ့ကောက်တဲ့ လမ်းကြောင်း
ကွေ့ဝှိက်လို့ စီးဆင်း
ဖြတ်သန်းရာ လမ်းတစ်လျှောက်
မပျောက်တဲ့ မေတ္တာနဲ့ ""သတ္တလောက"" ကို ပေးစပ်
မွန်မြတ်လို့ သန့်စင်
ကြည်လင်လို့ အေးမြ
တန်ဖိုး ဖြတ်မရတဲ့ စေတနာ......။
နောင်ဖြစ်မယ့် ဘ၀......လိုချင်ရာ တောင်းလို့ရရင်
ပေးစပ်ခြင်းမှာ ကျွံဝင် ဒီ သစ်ပင်............
အေးမြခြင်းကို လက်ဆွဲ ..... ပေးစပ်တတ်တဲ့ စမ်းချောင်းထဲ
ရေသောက်မြစ်ကိုမြုပ်... ငါ တကယ်"" သစ်ပင်"" လုပ်ချင်တယ်............။ ။
No comments:
Post a Comment