ချန်ခဲ့သော(သို့) ကျန်ခဲ့သော။
ဘာနဲ့မှ နှိုင်းယှဉ်စရာ မလိုတော့တဲ့ ""လောက"" ကို နေမသာ အလင်းမစုတ်တဲ့ အချိန်မှာ.....အသာအယာ ဘ၀ကန့်လန့်ကာ ဖယ်ပြီး ကြည့်လိုက်မိတော့ ........
ထစ်ချုန်းသံ သရုပ်တွေနဲ့ မိုးရိပ်တွေ ဆင်လာတဲ့ ထက်ဝန်းယံ ကောင်းကင်ထက်မှာ.....မိုးဦးစ နိမိတ်တွေက ဟိုဟိုဒီဒီ........
သက္ကရဇ်တွေကတော့ ပုံမှန်မကျတော့တဲ့ သဘာဝဓမ္မ နဲ့ အတူ ကမ္ဘာပေါ်မှာ လည်ပတ်မှု့တွေကို ယူလေတိုင်း.....
ကျန်ရစ်နေမြဲ ဖြစ်တဲ့ ရာသီဥတု အဟောင်း၊ နေ့ရက်ဟောင်း၊ အချိန်ဟောင်းတွေက.......လွမ်းတသသ ဖြစ်ဖွယ်ကောင်းနေ သယောင်ယောင်...........ဒါမှမဟုတ် အော့နှလုံးနာ စက်စုတ်စရာ ဖြစ်နေ သယောင်ယောင် ပါဘဲ...။
မထားချင်ဘဲ ထားခဲ့ရတဲ့ ဖြစ်ရပ်တွေ.......ထားခဲ့ချင်လျှက်နဲ့ ယခုအထိ ပါလာတဲ့ ဘ၀ဒဏ်ရာ ဒဏ်ချက်တွေ ကို...
တစ်ခါတစ်ခါမှာ သတိရမိသလို ရှိမိတော့........
ဟို အရင်လို အလိုမကျမှု့တွေ နည်းနည်း နဲ့....""ယောနိသော မနသီကာရ"" တရားစကားလုံး ပုံဆောင်ပြ ခံစားမှု့တွေကရင်ထဲမှာ ဘောင်ဘင် ခတ်လာတယ်......။
မကြာလိုက်ပါဘူး......အကြားအလပ် မရှိအောင် ဖြစ်ခြင်း....ပျက်ခြင်း တွေ စီရင်တတ်တဲ့ ဟောဒီ့...ငါတို့ လူဖြစ်ခွင့်""သင်္ခါရ""လောကကြီး မှာ....တကယ်ကို ဘာမှ ကြာကြာ မရှိပါဘူး......။
အရာရာ တည်မြဲခွင့် ရေရှည် မရှိတဲ့ အချိန်တွေသာ ကမ္ဘာနဲ့ လောကမှာ...အရာအားလုံးကို ချုပ်ကိုင် စိုးမိုးချယ်လှယ် ကျန်နေခဲ့တာပါ..။ တကယ်ဆိုရင် ငါတို့တွေ တစ်ယောက်ပခုံးကို တစ်ယောက်...ထွေးပွေ့သင့်ပြီ..... ဟန်ဆောင်မှု့ စကားလုံးတွေနဲ့ တန်ဆာဆင်ထားတဲ့ စကားလုံးတွေကို......စကားဝိုင်းတွေ...မျက်နှာချင်းဆိုင် ဆွေးနွေးမှု့တွေကနေ ဖယ်ထုတ်သင့်ကြပါပြီ....။
အရာရာ တည်မြဲခွင့် ရေရှည် မရှိတဲ့ အချိန်တွေသာ ကမ္ဘာနဲ့ လောကမှာ...အရာအားလုံးကို ချုပ်ကိုင် စိုးမိုးချယ်လှယ် ကျန်နေခဲ့တာပါ..။ တကယ်ဆိုရင် ငါတို့တွေ တစ်ယောက်ပခုံးကို တစ်ယောက်...ထွေးပွေ့သင့်ပြီ..... ဟန်ဆောင်မှု့ စကားလုံးတွေနဲ့ တန်ဆာဆင်ထားတဲ့ စကားလုံးတွေကို......စကားဝိုင်းတွေ...မျက်နှာချင်းဆိုင် ဆွေးနွေးမှု့တွေကနေ ဖယ်ထုတ်သင့်ကြပါပြီ....။
အားငယ်မှု့တွေကို နှစ်သိမ့်မှု့တွေ နဲ့ အစားထိုးလို့ ဝေမျှမှု့တွေ ကို ကိုင်စွဲပြီး ကမ္ဘာမြေကြီးရဲ့ အတွင်းကျကျက မိသားစုတွေရဲ့ မပြည့်စုံတဲ့ လိုအပ်ချက်လေးတွေကို... ၀ိုင်းဖြည့်ဆည်းသင့် ကြပါပြီ.....။
သို့ပေမယ့်.....ငါတို့ လက်ရှိရင်နှီး ထိတွေ့ နေကြတဲ့...ငါတို့ ခံယူချက်တွေကတော့....စာနာမှု့၊ကူညီ ရိုင်းပင်းမှု့ ဆိုသော...အခေါ်အဝေါ်များနှင့် ဆန့်ကျင်စွာ......""ငါ"" ဆိုသာ နာမ နောက်ဆက်တွဲ များနှင့် သာဘဲ ဖြစ်ပါ သည်....။
သို့ဆိုလျှင်....သမိုင်းကို လူတို့ ဖန်တီး သည် ဟူသော စကားရပ်ကို ရင်းနှီးထိတွေ့ နေရသော ငါတို့တွေ သည်.....
မည်သို့သော သမိုင်းမျိုးအား လောကတွင် ငါတို့ ချန်ခဲ့နိုင်မည်နည်း.......? ကျန်ခဲ့နိုင်မည်နည်း..........? ။
အတ္တများနှင့် ယှဉ်တွဲသော သမိုင်းများ လား....?..။
(သို့ မဟုတ်.....).............................................?..။
ကကြီး။
kyagee13@gmail.com (1.6.2011)
No comments:
Post a Comment