အခြားဘက်၌..။
""မောင်""ရယ်ခေါ်ရွေ့ မြင်တွေ့မကြား
ညည့်စကားကို ""မေ့""ကိုချစ်တဲ့
ပြောခဲ့စကား ""မေ့ ပြီလားရှင့်""..........။
ညမှာလွင့်မျော သဘောဝိညဉ်
စိတ်တို့နှင် ၍ အကြင် အဖော်
တမ်းတမျှော်လို့ ""ချစ်နော်..."" ဦးကွယ့်
ချစ်ဦး မောင့်နား ""ခစား"" ညစဉ်
မြင်စေ့ ချင်တယ်......။
""မောင်"" နဲ့ ""မေ""ရယ် ချစ်ကြိုးလှယ်သော
လွမ်းဖွယ် အတိတ် စွယ်တော်ရိပ်တို့
""မောင့်"" စိတ်မေ့ထား ကမ္ဘာခြားလို့
""မေ့"" အားမမြင် ဝေးပြီထင်၏
ဒီတင် ဘ၀...။ ။
No comments:
Post a Comment