ကာရန်ကျိုးသော...။
သက်တန်းကုန်သွားတဲ့ အနမ်းတစ်ခုနဲ့ ရင်းနှီး ပြီးစ မှာ
လေရဲ့ သယ်ဆောင်မှု့ ကိုလဲ မေ့တတ်ခဲ့တယ်.....
သဘာဝတရားရဲ့ စေ့ဆော်မှု့ တွေကိုလဲ
မသိစိတ်က ""ဖုန်"" တက်စေခဲ့တယ်............။
မျက်ရည်တစ်စက်ရဲ့ အစမှာ.......
သာယာမှု့ ကင်းမဲ့နေတတ်မှန်းကို
ငါ့ အခန်းနံရံ ပါးစပ်ပေါက်တွေကနေ တဆင့် သိခဲ့ရတယ်...........။
အမြဲ မချိတ်ဆွဲတတ်တော့တဲ့ မျက်နှာပေါ်က အပြုံးတွေ အတွက်တောင်
တစ်ခါတစ်ရံမှာ....ကဗျာတွေ မိုးထားတဲ့ အိမ်အောက်ကနေ
ငါ...မသိလိုက်ဘာသာ နဲ့ စကားတွေ ပြောနေတတ်ခဲ့ ပြီ..........။
ဘောင်မ၀င် တဲ့ စကားလုံးတွေရဲ့ သိမ်မွေ့စွာ
စီးဆင်းမှု့ အောက်မှာ.......
တချို့က ရှက်ပြုံး တွေနဲ့
တချို့က ကပျာကယာ မလုံလဲမှု့ တွေနဲ့
ငါကတော့....အရိပ်မဲ့ လမ်းတချို့ပေါ်မှာ.........
ပြုံးလည်း....ပြုံးခဲ့တယ်.....
အရာ အားလုံးကို မုန်းလဲ မုန်းခဲ့တယ်.......
သုံးဆဲ စကားတချို့မှာတော့
အများနဲ့ ခြားနားစွာ ဖြစ်တည်ဆဲ ပေါ့....
ဒါပေမယ့်.......................
မိုးပေါက်တွေ ကျနေတဲ့ လမ်းထဲမှာတော့
ငါ...""ပြုံး ခဲ တယ်"" လေ....................။ ။
ကကြီး။
kyagee13@gmail.com
(30.4.11)12;00pm
kyagee13@gmail.com
No comments:
Post a Comment