ထင်ကျန်ဆဲ..။
ငါလေ.....
အင်အားနည်းနေတဲ့ မိုးလင်းစ မနက်ခင်း တစ်ခုမှာ
ဝေ့၀ါးနေတဲ့ အရိပ်တစ်ခုကို ဆုပ်ကိုင်
လက်ဝယ်မရနိုင်မှန်း သိလျှက်နဲ့ ဇွတ်မိုက်
တစိုက်မတ်မတ် ဘဲ သူ့နောက်လိုက်
အလွမ်းသောင်ပြင် တစ်ဝှိက်မှာ ရစ်ဝဲ
ရိုးတံမဲ့ ပန်းကို ကိုင်နေဆဲ ပဲ....။
ငါလေ.......
ရည်ရွယ်ရာမဲ့ အချိန်နဲ့ တိမ်တွေကို တားမိလို့
သက္ကရဇ် ရထားက ငါ့ကိုကျော်ဖြတ်
လူကူးမျဉ်းကြား တစ်ဖက်မှာ ငါရပ်နေတယ်
ဒါပေမယ့်........
ချွေးစိုစို တစ်စက် မျက်နှာပေါ်က ဖြတ်သလား.......?
ပင်လယ်ရေငံ တစ်စက် မျက်နှာပေါ်က ဖြတ်သလား.......?
ငါမသိဘူး.....။
ငါဟာ......
လရိပ်တစ်ဖက်မှာ နေခဲ့ဖူးလို့
ခေါင်မိုးက ကျလာတဲ့ အလင်းပျောက်တွေကို
မရွံမကြောက်နဲ့ ထိုင်ကြည့်
နေရာတိုင်းမှာ......
အံ့သြမှု့တွေရယ်........
အဆုံးမသတ်နိုင်တဲ့ ထွက်သက်တွေ ရယ်......
ဇာတိမဲ့ မီးတွေ ရယ်ဟာ..........
တစ်ကိုယ်လုံးကို လောက်မြိုက်
ခန္ဓာ တစ်ဝှိက် ပြာကျနေတာတောင်
အလိုဆန္ဒမဲ့ နဘေ နဲ့ ကာရံ တွေ
နှလုံးသား နဲ့ အတူထင်ကျန်....
ရင်လှိုင်းခတ်သံ မှန်မှန် ဟာ
ရင်လှိုင်းခတ်သံ မှန်မှန် ဟာ
ငါ့အတွက်တော့........
လက်ရှိမှာ အမြဲ ""စိတ္တဇ"" ဆန် နေတယ်......။ ။
ကကြီး။ kyagee13@gmail.com(26.10.10)
No comments:
Post a Comment