ပြည်သူ။
ပလ္လင်ပေါ်ကို သံဃာ တက်
ရှိခိုးပူဇော် ဦးညွှတ်လျှက်......။
ပလ္လင်ပေါ်ကို ဘုရင် တက်
ရှိခိုကော်ရော် ဦးညွှတ်လျှက်....။
ပလ္လင်ပေါ်ကို ဘီလူး တက်
စိုးရွံ့စိတ်နဲ့ ဦးညွှတ်လျှက်...။
ပလ္လင်ပေါ်ကို သူရူး တက်
တွေဝေသည်းခံ စောကြောမာန်နှင့်
မျက်လွှာပိတ်လို့ ဦးညွှတ်လျှက်.....။
ပလ္လင်ပေါ် ကို ခွေးကတက်
ခန္တီစည်းကျိုး ဒေါသမိုး တို့
ဖြိုင်ဖြိုင်ဖြိုး၍ မတန်ဗိုလ်လုပ်
သည်ခွေးယုတ်ကို နေရာနှိမ့်ချ
မောင်းဖို့ထတော့ လှံဖျားတို့က
လည်မျိုမှာ....။ ။
ကကြီး။kyagee13@gmail.com(6.6.11)
No comments:
Post a Comment