လုပ်ကြတော့...။
အဆိပ်တက် အိမ်မက်တွေနဲ့
လူတွေရဲ့ မြင့်တက်လာတဲ့ အသိတရားတွေကြောင့်
ဓမ္မပျက်လာတဲ့ ကမ္ဘာကြီးဟာ
အကြိမ်ပေါင်းများစွာ မောင်း တဒူဒူ ထုနေတာတောင်
မသိကျိုးကျွံ ပြုပြီး
သူတို့က လစ်ဗျားမှာ လေယဉ်တွေနဲ့
ဗုံးတွေ ကျဲလို့ ကောင်းနေတုန်း............။
မမျှတတဲ့ အတွင်းအားတွေကို
ကမ္ဘာပါတ် လမ်းကြောင်းမှာ
အခြားဂြိုလ်တွေ မရိပ်မိအောင်
ကြိုးစားပြီး ရပ်တည်နေရရှာတဲ့
ဒဏ်ရာပြည့် ငါတို့ ကမ္ဘာကြီး မှာ
ဒီတစ်ခါ နာဖျားမှု့ အပြင်းထန်ဆုံး ""ရီအက်ရှင်း""ကတော့..........
""၈ ဒသမ ၉ ရစ်ခ်ျတာကေး"" ကြီး နဲ့
လှုပ်လိုက်တဲ့ ငလျင်ဘဲ
ဖွံ့ဖြိုးပြီး နိုင်ငံ တစ်နိုင်ငံ အနေနဲ့ တောင်
မျက်ရည်တွေ သောက ဖြစ်နေကြရတာ
ဘာမမယ် တဲအို ပျက်နဲ့ တူတဲ့ နိုင်ငံမှာ နေ နေတဲ့
ငါ့တို့ ရွှေတွေက.......
""အမယ်!... ငါတို့နဲ့ အဝေးကြီး ဆိုဘဲ""........
တော်တော် ကျလဲ ကျတဲ့ ဟာတွေ
ဗုဒ္ဓဘာသာဝင်တွေ ပီပီ
ဗုဒ္ဓကို လက်စုံမိုး လွတ်မြောက်ရာကို ရှစ်ခိုးမယ် မရှိ.........
သီလကို အခြေခံ ""သတိ"" ကို ""မံ""မယ် မရှိ.............
ဝေးသည် ဆိုသည့် အသိနှင့် လက်လွှတ်
နင်တို့....""နာဂစ် လွတ်ခဲ့ တာ ဘယ်လောက်ရှိသေးလဲ"".....?
နင်တို့.....""ရခိုင်လေဘေး လွတ်ခဲ့တာ ဘယ်လောက်ရှိသေးလဲ""......?
ဖြစ်နေတာတွေ ကိုသိ
ဖြစ်ပြီးတာတွေကို ပြန်ကြည့်
တရားကို သိကြတော့ ဟဲ့!!!!!!!
""ဂျပန်..."" ကိုသာ ကြည့်ကြတော့
သရဏဂုံ(၃)ပါး ကို မပြတ်ပွားများ
ဟဲ့ နင်တို့ "" ဗုဒ္ဓဘာသာ"" မှတ်လား...?
သံသရာ ကို တွေးကြောက်
""အ၀ိဇ္ဇာ "" အောက် က ထွက်ကြတော့ ဟေ့................။ ။
kyagee13@gmail.com
No comments:
Post a Comment