သုံးသပ်ခြင်း။
နေရောင်တစ်ခု အားပျော့ချိန်မှာပေါ့.....
အလင်းဖျော့ ကောင်းကင်အောက်က
ဒဏ်ရာမဲ့ မြေကွက် တစ်ကွက်ပေါ်မှာ
အားငယ်ခြင်း ခြေဖမိုးကို ဖိနင်း
နှလုံးသားမပါတဲ့.....တေးချင်းတစ်ပုဒ်ကိုရေးရင်းနဲ့
အဝေးကို ရီဝေ ငေးကြည့်
နေရာတိုင်းမှာ ရှိနေဆဲ ကြေကွဲပုံရိပ်တွေဟာ......
အချိန်ရွေ့စက်ဝိုင်းနဲ့ ဆန့်ကျင်
ဘ၀တစ်ခုထဲက ဘ၀ရဲ့ ခြေရင်းမှာ ၀ပ်ဆင်း....
နားခိုခြင်းကင်းတဲ့.....
ပုံမှန်မရှိတဲ့ သီအိုရီ ထဲကို
ဇွတ်အတင်းဝင်လို့..
""ဌာပနာ"" မပါတဲ့ ခန္ဓာကိုယ် ရဲ့ သရုပ်က
ငိုသလိုနဲ့..ငိုင်....
ယိုင်တိုင်တိုင် ခြေလှမ်းတွေနဲ့...
ခရီးမဲ့ လမ်းကို ပြေးနေရသလိုပါဘဲ.....။ ။
ကကြီး။kyagee13@gmail.com(6.6.11)
No comments:
Post a Comment