သုံးသပ်ခြင်း..။ကဗျာအပေါ် ပြန်လှန်ဖြေရှင်းခြင်း။
2011/6/8 Sann Htun a href="mailto:sannhtun@gmail.com" target="_blank">sannhtun@gmail.com>
ကိုနေထက်ဝေ
ကိုကကြီး
အင်္ဂလိပ်-မြန်မာ အဘိဓါန်တွေမှာ ဒီလိုပြပါတယ်
အင်္ဂလိပ် မှာ pie ဆိုတဲ့မုန့်ကို (n) အစာသွပ်မုန့်။ ဌာပနာမုန့်။ လို့ပြပါတယ်
မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ
ဌာပနာ ရဲ့ အဓိပါယ်ကို ဖွင့်ဆိုရာမှာ
ဌာပနာ (v) (ကြိယာအသုံး)
1. enshrine Buddha's relics in pagodas (စေတီပုထိုးများအတွင်း ဓါတ်တော်မွေတော်များကိုထည့်သွင်းခြင်း)
2. put filling (in a pie) ( အစာသွပ်ခြင်း (မုန့်ထဲသို့))
ဒါပေမယ့်
ဌာပနာ (n) (နမ်အသုံး)
relics enshrined or enclosed (ဌာပနာထားသော သို့မဟုတ် အလုံပိတ်ထည့်ထားသော ဓါတ်တော်မွေတော်)
လို့ပါထားပါတယ်။
မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာပဲ ဌာပနာ ဟာ ပါဠိ ဌပန ကနေလာတယ်လို့ဆိုထားပါတယ်။
ကျွန်တော်တို့ ဌာပနာ အတွက်ကို အင်္ဂလိပ်ကနေယူသုံးထားတဲ့ en·shrine ကိုလိုက်ကြည့်လိုက်တော့
[en-shrahyn]–verb (used with object), -shrined, -shrin·ing.2.
ကဗျာထဲမှာ ထာဝရ ဌာပနာ(ထည့်သွင်း) ထားလိုက်ပါတယ်။
နှလုံးသားထဲမှာ ဌာပနာ (ထည့်သွင်းသိမ်း) ထားလိုက်မယ် ဆိုပြီး ကြိယာ အသုံးတွေအနေနဲ့တွေ့ရပါတယ်
ဒါကြောင့် ကိုထူးဆန်းအမြင်ကတော့
ဌာပနာ ဟာ ကြိယာအသုံးအနေနဲ့ဆိုရင် (အမြတ်တနိုး) ထည့်သွင်းသိမ်းဆည်းတယ်ဆိုတဲ့အသုံးကတော့ မဆန်းပါဘူး။
အထက်မှာတွေ့ခဲံ့သလို မုန့်ထဲအစာသွပ် တာကိုလည်း ဌာပနာသည် လို့ပြောတာကိုကြည့်မယ်ဆိုရင်ပေါ့လေ။
မြန်မာဘာသာစကားမှာ တချို့တွေလဲ စကားမှာပြောတာ ဥပမာ မုန့်တခုခုကို အထဲမှာ ဘာထည့်ထားလဲမေးချင်ရင်
အထဲမှာ ဘာထည့်ထားလဲ၊ ဘာသွပ်ထားလဲ၊ ဘာဌာပနာထားလဲ လို့ အရပ်သားအသုံးမှာ တစ်ခါတစ်လေသုံးကြတာကိုတွေ့ဘူးပါတယ်။
အားလုံးကတော့ ကြိယာပုဒ်အနေနဲ့သုံးထားကြတာပဲဖြစ်ပါတယ်
ဒါပေမယ့် နမ်ပုဒ်အနေနဲ့ တော့ ဌာပနာ ဆိုတာ မြန်မာဘာသာ မြန်မာစာမှာ
ဌာပနာ (n) (နမ်အသုံး)
relics enshrined or enclosed (ဌာပနာထားသော သို့မဟုတ် အလုံပိတ်ထည့်ထားသော ဓါတ်တော်မွေတော်) ဆိုတဲ့ အသုံးပဲတွေ့ဘူးပါတယ်
ဒါကြောင့် နမ်ပုဒ်အနေနဲ့ဆိုရင်တော့ တခြားအဓိပါယ်အနေနဲ့မသုံးသင့်ဘူးလို့ထင်ပါတယ်။
ကြိယာပုဒ် အနေနဲ့ကတော့ လေးနက်စေချင်တဲ့အခါမှာ အထွတ်အမြတ်အနေနဲ့ သိမ်းဆည်းသည် ဆိုတဲ့ အဓိပါယ်နဲ့ ဆိုရင် သုံးမယ်ဆိုရင်သုံးလို့ရနိုင်ပါတယ်။
ဒါပေမယ့် ကန့်ကွက်တာတွေကိုတော့ရင်ဆိုင်ရနိုင်ပါတယ်။
အခုဒီကိစ္စကိုကြည့်ကြမယ်ဆိုရင်
""ဌာပနာ"" မပါတဲ့ ခန္ဓာကိုယ် ရဲ့ သရုပ်က...
ဒီနေရာမှာသုံးထားတာက နမ်ပုဒ် ဖြစ်နေလေတော့ တော်တော်ကို ကြောက်စရာကောင်းနေပါတယ်။ ကိုယ့်မှာ မှီငြမ်းမရှိရင် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံရမှာဖြစ်ပါတယ်။
မှီငြမ်းရှိသည့်တိုင်အောင် ဘာသာရေးမှာအသုံးများတဲ့ စာလုံးတွေကို တခြားဖက်မှာ ရွေးစရာရှိတယ်ဆိုရင် ရှောင်သုံးသွားတာ argument အနဲ့ဆုံးဖြစ်နိုင်ပါတယ်။
ခန္ဓာကိုယ် ထဲမှာဘာမှမရှိဘူးလို့ (ရုပ်ပိုင်းဆိုင်ရာ) နဲ့တင်စားချင်တာလား။ အဲဒါဆို ကလီစာ ဆိုတာ ကိုသုံးသင့်တယ်။
ဒါမှမဟုတ် ခန္ဓာကိုယ် ထဲမှာဘာမှမရှိဘူး၊ အသက်မပါတော့ဘူး၊ခံစားမှုမရှိဘူး၊ လို့ (နာမ်ပိုင်းဆိုင်ရာ) နဲ့တင်စားချင်တာလား။ အဲဒါဆို ခံစားမှုမဲ့.... တို့ ၀ိဥာဉ်မဲ့ .... အသက်မဲ့...တို့နဲ့ပဲသုံးသင့်တယ်
ဟုထင်မြင်ယူဆပါကြောင်း။
ကိုထူးဆန်း2011/6/8 Mr NayHtetWai a href="mailto:mr.nayhtetwai@gmail.com" target="_blank">mr.nayhtetwai@gmail.com>
ကကြီး။kyagee13@gmail.com(6.6.11)
အစ်ကိုထူဆန်း ဒီကဗျာလေးကို ဖတ်ကြည့်ပေးပါ။ဒီစာသားလေးကို ကျွန်တော်
သဘောမကျဘူး အစ်ကို
""ဌာပနာ"" မပါတဲ့ ခန္ဓာကိုယ် ရဲ့ သရုပ်က
ငိုသလိုနဲ့..ငိုင်....
ကျွန်တော် ရှင်းချင်တယ်။""ဌာပနာ""ဆိုတဲ့ စကားဒီနေရာမှာ သုံးစွဲသင့်
၊မသုံးစွဲသင့် သေချာသိချင်ပါတယ်။
ဒါဘာသာကို စော်ကားနေသလားလို့...။သေချာရင် ကျွန်တော် စွဲတော့မယ်။
နေထက်ဝေ
ကိုနေထက်ဝေ ခင်ဗျာ...ကျွန်တော်ကကြီး စာပြန်ရေးလိုက်ပါတယ်......တာဝန်သိတဲ့ စာရေးသားသူ တစ်ယောက်ဟာ မိမိ ရေးသားရာ စာပုဒ်ကို တာဝန်ယူရန် တာဝန်ယူစိတ်ရှိရမည်..ဆိုသည် သဘော အတိုင်း....ဌာပနာ ဆို၍သုံးထားသော ကျွန်တော် ကဗျာမှ အဓိပ္ပါယ်ကို ရှင်းလင်းပါမည်......။
မြန်မာစာပေ စကားစု အတော်များများ တွင်.....ဒီအတွက် သတ်မှတ်ထားသော စကားလုံး...ဟို အတွက် သတ်မှတ်ထား သော မူသေ စကားလုံးဆိုတာ နည်းပါသည်.....။ အင်္ဂလိပ်စာ အင်္ဂလိပ် ဝေါဟာရတွင် ရှိပါသည်...။အင်္ဂလိပ် အခေါ်အဝေါ် အသုံးအနှုန်းနှင့် ယှဉ်တွဲ၍ မြန်မာစာပေ အား မဖော်ပြသင့်ပါ .. အင်္ဂလိပ် အသုံးအနှုန်း တစ်ခုနှင့် နှိုင်းယှဉ်ပြရမည် ဆိုလျှင်.....s***..ဟူသော ဝေါဟာရသည် မြန်မာမှု့ ပြုလျှင်.......ချေး... ဟူ၍ အဓိပ္ပါယ်တစ်မျိုးထဲသာ ရပါသည်....မြန်မာစကားတွင်.....ချေး... ဟူသောအခေါ်အဝေါ်အား များစွာ သတ်မှတ်ခေါ်ဆိုကြပါသည်...ရှင်းပါအံ့ (ချေး...မစင်...အီး...ချီး...အခင်းကြီး..အလေး) ဟူ၍ အခေါ်အမျိုးမျိုး နှင့် သတ်မှတ်ချက်တစ်ခု ထွက်လာပါသည်.....။
အထက်ပါ ဖြေရှင်းချက်သည်...မြန်မာစာပေနှင့် အင်္ဂလိပ်ဝေါဟာရ နှိုင်းယှဉ်ချက်ဖြစ်ပြီး..ဌာပနာ ဟူသော ဝေါဟာရ သည် သင့်လျှော်သော စကားလုံးနှင့် တွဲစပ်၍ သုံးနိုင်သော စကားဆက် ဖြစ်ပါသည်...ဥပမာ...မုန့်လုံးကြီး နှင့် တွဲဖက်၍ ဌာပနာ ဆိုသော စကားစု အား ဖြစ်ရပ် တစ်ခုကို ရည်ညွှန်းပါလျှင်....မုန့်လုံးကြီး ဌာပနာ ကိစ္စ
ဖြစ်ပါသည်...ဌာပနာ ဟူသော စကားစု သည်...အတွင်းထဲ့ ပစ္စည်း တစ်စုံတစ်ရာအား ရည်ညွှန်းပါသည်...မည်သည့် အတွင်းထားရသော မွန်မြတ် သန့်စင်သော ပစ္စည်းကိုမဆို ရည်ညွှန်းလိုလျှင် ဌာပနာ ဟူ၍ သာလျှင် သုံးရပါမည်...
ဆက်လက်၍ ပြောလိုသေးသည်မှာ....ကျွန်တော် သည် ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပါသည်... ထို့အတူဘဲ...မြန်မာစာပေ အား လေ့လာ ဆည်းပူးခဲ့ သည်မှာ ယခု ဆိုလျှင်..ဘွဲ့တစ်ခုတောင်ရပြီး ဖြစ်ပါသည်....။
ကိုနေထက်ဝေ အား ပြောလိုသည်မှာ...စာတစ်ပုဒ် ဖတ်လျှင် အယူတစ်ခု ကိုချ၍ ဖတ်သင့်ပါသည်...တစ်ခုခု ကို စိတ်မှာ ဆွဲ၍ စာတစ်ပုဒ်ကို ဖတ်လျှင် ထို ဆွဲနေသော တစ်ခုခု သည် မိမိ ဖတ်နေသော စာအပေါ် ပုံရိပ်လာထင်နေတတ်ပါသည်...ထိုအခါ...စာရေးဆရာ ၏ ဆိုလိုရင်းအား နားမလည်စွာနှင့် ကောက်ချက်တစ်ခုကို ဆောလျင်စွာ ချမိပါမည်...။ အလျဉ်းသင့်၍ ကျွန်တော်၏ စာဖတ်သော စိတ်ထား အား ပြောပြပါမည်....။
ကျွန်တော် စာဖတ်လျှင်မည်သည့် အရာကိုမှ ခေါင်းထဲတွင်မထားပါ စိတ်ထဲတွင် မရှိပါ..ဥနှောက်ဗလာ အသိဗလာနှင့် အစ မှ အဆုံး ဖတ်ပါသည်...ထိုသို့ ဖတ်သော အခါ စာရေးသူ ၏ ဆိုလိုရာ များကို ရှင်းလင်းထင်ရှား စွာ မြင်ရ၊ တွေ့ရ၊ သိရ၊ ပါသည်...သို့မဟုတ်ဘဲ မိမိ သိသလောက်လေးနှင့် မိမိ ထင်ထားသော အသိအမြင် လေးကို ချည်တိုင် လုပ်ပီး စာတစ်ပုဒ်အား ဖတ်ရှု့မည် ဆိုပါလျှင်...ကိုယ့်အမြင်ဘဲ ထွက်လာပါလိမ့်မည်...
ကိုနေထက်ဝေ..ယောနသံ ဇင်ယော် စာအုပ်လေး အား ဖတ်ဖူးပါလိမ့်မည်..ထိုစာအုပ် ဖတ်ဖူးသူတိုင်း ထိုစာအုပ်၏ ဆိုလိုရင်းအဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း မဖော်ကျုးနိုင် မကောက်ထုတ်နိုင်ကြပါပေ..မိမိ ရှိသောအသိနှင့် ယှဉ်တွဲသော အမြင်အားသာလျှင် စာဖတ်သူတို့ ရကြပါသည်..။
စာပေအသိတရားပေတံလေးကို ကိုင်၍ မြန်မာ စာပေနှင့် စာနယ်ဇင်းလောကတွင် အသိစူးနေသူ များစွာရှိနေပါ သည် ...မည်သူနှင့်မျှ
သဟဇာတ မဖြစ်နိုင်စွာ ရပ်တည်နေကြသည်မှာ...(၁၀)စုနှစ် နှစ်ခု ကျော် လောက်အောင်ဖြစ်နေကြပါသည်...ဘာကြောင့် သူတို့ ထိုသို့ ဖြစ်ရသလဲ ဆိုလျှင်..
၁။ အကောင်းမြင် ၀ါဒ မရှိခြင်း...။
၂။ကိုယ့်သိသော အသိကိုမူသေ ပြုထားသော ပေတံနှင့် တိုင်းတာခြင်း..။
၃။ခေတ်ကို လက်တွေ့ သဘောကျကျမမြင်နိုင်ခြင်းတို့ ကြောင့် သာဖြစ်ကြပါသည်..။
ဖရဲသီးနှင့် အသက်မွေးဝမ်းကျောင်း ပြုသောသူသည်..ဖရဲသီး အကြောင်း ကို အူမချေးခါး မကျန် သိပါသည်... ပဲပြုတ်ရောင်းသောသူသည် ပဲပြုတ်၏ အကြောင်းကို ခရေစေ့တွင်းကျ သိပါသည်.. ဖရဲသီးသည်အား ပဲပြုတ် အကြောင်းမေးကြည့်ပါ...ပဲပြုတ်သည်အား..ဖရဲသီး အကြောင်း မေးကြည့်ပါ..မည်သို့မျှ သဟဇာတ ဖြစ်သော
အမြင်နှင့် အဖြေ ကို ရမည်မဟုတ်ပါ...။ လောကတွင် မည်သည့် သီအိုရီ မှ မူသေ မှန်ကန်မှု့ မရှိသည်ကို စိတ်မှာထား၍ ဗုဒ္ဓဘာသာဝင်ဆိုလျှင်.. ဂရုဏာစိတ်ထားနှင့်စာဖတ်သူတစ်ယောက်အဖြစ်.......ကိုနေထက်ဝေအား ကိုကကြီး မှတော့ ဖြစ်စေချင်ပါတယ်...ခင်ဗျာ...
(ဌာပနာ ဆိုသောစကားစုသည် တန်ဖိုးရှိသော၊အဖိုးတန်သော၊မြတ်နိုးရာ အစရှိသော မြင်မြတ်သော..သန့်စင်သော
အရာဝတ္ထု ပစ္စည်းများ ထားသိုထားရာနေရာဟုခေါ်ပါသည်...။)
""ဌာပနာ"" မပါတဲ့ ခန္ဓာကိုယ် ရဲ့ သရုပ်က.....ဟု ဆိုလိုထားခြင်းသည်...
မြန်မာစာပေ သင်ရိုးညွှန်းတန်းမှ .. ကောက်နှုတ်ထုတ်ချက်အရ.....သမ္ဗန္ဓ ကြိယာဝိသေသန=ဆက်စပ်၍ ကြိယာကို အထူးပြုသောပုဒ် ကိုရည်ညွှန်း၍ သုံးစွဲထားခြင်းသာလျှင်ဖြစ်ပါသည်..။ကျွန်တော်ထဲ့ယူ သုံးစွဲထားသော ဌာပနာ ဆိုသော စကားစု၏ ကဗျာတွင်ပါ အဓိပ္ပါယ်သည်...နာမ၀ိသေသန (၃) မျိုးထဲမှ...ဂုဏာနာမ၀ိသေသန=နာမ်ပုဒ်၏ ဂုဏ်အချင်းအရာ ကိုပြခြင်း...ဟူသော အဓိပ္ပါယ်ကို ယူ၍သာရေးသားခဲ့ ပါသည်...။
ဌာပနာ စကားလုံးသည် သူ၏ သီးခြားထွက် အဓိပ္ပါယ်ကို မယူလျှင် သူသည်လည်းဘဲ..နာမ်..=သက်ရှိသက်မဲ့၊
ဒြပ်ရှိဒြပ်မဲ့တို့၏ နာမ်ဆိုသော ကြိယာ အောက်တွင်သာ ရှိနေပါသည်.....မှန်ပါသည်...ဌာပနာ ဆိုသော အသုံးအနှုန်းသည်...ဘုရားရှင် ကိုယ်တော်မြတ်ကြီး နှင့် သက်ဆိုင်သော အခေါ်အဝေါ် ဖြစ်ပါသည်...
သို့သော်..မြန်မာစာပေ အဓိပ္ပါယ်ပြဆိုခြင်း ဆိုင်ရာ ဆိုလိုရင်းတွင်...၀ါစာ=စကား၊၀ါကျ..အဓိပ္ပါယ် ပေါ်လွင်အောင်ပြောဆိုခြင်း ဟူ၍ ပါ ပါသည်...သို့ဖြစ်သည့် အတွက်...ဌာပနာ ဟူသော စကားစု အား သီးခြား အဓိပ္ပါယ်မယူဘဲ ၀ါကျ အဖြစ်နှင့် အဓိပ္ပါယ် ယူ ဖတ်ကြည့် လျှင် ကိုနေထက်ဝေ ဆိုလို ထားသလို ဘုရား၏ ဌာပနာ တွင်
သုံးသော အဓိပ္ပါယ်မျိုး မထွက်သည် ကို ရှင်းလင်းစွာ မြင်နိုင်ပါသည်...။ ကျွန်တော် ပြ ဆိုထားသော ထိုဝါကျ အဓိပ္ပါယ်သည်...ကတ္တုသကမ္မ ကြိယာ..မှ..သမ္ဗန္ဓ(၂) မျိုး=နိဿိတသမ္ဗန္ဓ=သဘောမတူသော ပုဒ် ၀ါကျတို့ကို ဆက်စပ်ခြင်း..သဘောမျိုးယူထားသည် ဖြစ်၍ ဆက်စပ်၍ တွေခေါ် စဉ်းစားပြီးမှ..စကားလုံး ၏ ဆိုလိုရင်းကို ကောက်ချက်ဆွဲယူ တွဲစပ် ကာ အဓိပ္ပါယ်ဖော်ယူ သင့်ပါသည်..သို့ဆိုကလျှင်.....""ဌာပနာ"" မပါတဲ့ ခန္ဓာကိုယ် ရဲ့ သရုပ်က...ဆိုသော အဓိပ္ပါယ် ဆိုလိုရင်း သည်...သန့်စင်ရာ ပစ္စည်း ထားသော နေရာ ၊ထိုနေရာ၊ ထိုအ၇ာ ကျွန်တော်၏ ခန္ဓာ ကိုယ် တွင် ရှိမနေခြင်း ကို ပြ ဆို တာ ဖြစ်ပါ တယ် မရှိခြင်း..မပါခြင်း အားရည်ညွှန်းပါသည်......။
ဥပမာ ပြပါမည်..။
""ကိုနေထက်ဝေ ထိုင်းနိုင်ငံတွင် ဌာပနာ ထားခဲ့ သည် ဆိုလျှင်""ကို နေထက်ဝေ ဘုရား ဌာပနာ ထား ခဲ့ တယ်..ဆိုသော ""ဌာပနာ""၏ စကားလုံး အဓိပ္ပါယ်သည် ပေါ်လွင်ပါရဲ့ လား.....
ကိုနေထက်ဝေ ဗန်ကောက် နိုင်ငံမှ မြဘုရား တွင် တန်ခိုးကြီး သော ဓါတ်တော် မွေတော် များအား ဌာပနာ ပြုခဲ့ပါသည် ဆို မှ သာလျှင် မှန်ကန်သော ...ဌာပနာ စကားစု အတွက် အဓိပ္ပါယ် ပေါ်လွင်သော ပြဆိုမှု့ ဖြစ်ပါ လိမ့် မည်...။
ကျွန်တော် ဆိုလိုချင်သော ကဗျာတွင်ပါသော ဌာပနာ အတွက် အဓိပ္ပါယ် သည်...ကိုယ်ခန္ဓာနှင့် comparison ...(နှိုင်းယှဉ်ခြင်း) မဟုတ်ပါ..
compartmentalize..(ပိုင်းကန့်ခွဲခြားထားခြင်း) ပြဆိုထားခြင်းသာ ဖြစ်ပါသည်..။
""ဌာပနာ"" မပါတဲ့ ခန္ဓာကိုယ် ရဲ့ သရုပ်က......ဆိုသော ... ၀ါကျတစ်ကြောင်းထဲပါ အသုံး ပြုထားသော ဌာပနာ နှင့် ခန္ဓာ ကိုတွဲစပ် ပြဆိုမှု့ သည်...Relinquish..(စွန့်လွှတ်၊လက်လျော့၊လက်လွတ်ခြင်း..)ကို သာလျှင် ဆိုလိုခြင်း ဖြစ်ပါသည် ခင်ဗျာ...
ဘုရား+ဌာပနာ=ဘုရားဌာပနာ
တရား+ဌာပနာ=တရားဌာပနာသို့သော် တွဲစပ် သုံးလို့ရသည် ဆိုတိုင်း ""အလောင်းအား ဂူတွင်းသို့ ဌာပနာ ပြုခဲ့ သည် ""ဟူ၍ တော့ လားလားမျှ မသုံးအပ်သော စာစု အဝေး ဖြစ်ပါသည်...ထို့ကြောင့် ကျွန်တော် သုံးစွဲမိသော စကားဝါကျ ၏ အဓိပ္ပါယ် သက်ရောက်မှု့ သည် ကိုနေထက်ဝေ တို့ ထင်မြင်ယူဆ ခဲ့ကြသလို......ဒါဘာသာကို စော်ကားနေသလား....ဆိုသောအဓိပ္ပါယ် သက်ရောက်မှု့ မဟုတ်ပါကြောင်းလေးစားစွာ ပြန်ကြား ဖြေ၇ှင်းချက် ပေးအပ်ပါသည်...။
အချုပ်ဆိုရလျှင် ဌာပနာ ဆိုသည့်စကားစု မှာ မွန်မြတ်သန့်စင်သော တစ်စုံတစ်ခုအား တစ်စုံတစ်ရာနေရာထဲတွင် ထားသိုခြင်းကို ဆိုလိုသည်သာ ဖြစ်ပါကြောင်း။
ကကြီး။(၉.၆.၂၀၁၁)
No comments:
Post a Comment