သက်မဲ့ဖြစ်သော သက်ရှိတို့ ၏ စကားသံများ ။
အချိန်ကိုသင်သိချင်သော အခါ...သင် ကောင်းကင် နှင့် နာရီ ကို တပြိုင်နက် ကြည့်ခဲ့ဖူးပါသလား.......?
ကျွန်တော် တော့ တစ်ခါတစ်လေ မက အချိန်သိချင်သောအခါ တွင် ကောင်းကင်နှင့် နာရီကို အဖန်ဖန်တလဲလဲ ကြည့်မိခဲ့ ဖူးပါသည်..။ ကြည့်မိသော အခါတိုင်းတွင် လည်း နာရီသည် တစ်ခါတစ်ရံ ဇောက်ထိုး ဖြစ်၍.....တစ်ခါတစ်ရံ ကောင်းကင်နှင့် ဆန့်ကျင်ဘက်အရပ် တွင် ရှိနေပါသည်..။
ကောင်းကင်သည်လည်း ကျွန်တော်၏ လက်ပါတ် နာရီ အစုတ်မှ လက်တံများလို တည်ငြိမ်မှု့ ရှာမတွေ့ မြဲ ဖြစ်ပါသည်...။မည်းချင်း မည်း မည်၊ပြာချင်လည်း ပြာသည်၊
တစ်ခါတစ်ရံ တော့လည်း အနီရောင်တွေ သောသောထနေတတ် ပါသည်..။
ကမ္ဘာ အနောက်ခြမ်း တွင် ရှိနေသော သတ္တ၀ါ များ၏ အသက်ရှင် ရပ်တည် မှု့ ကို မသိပါ...။
မသိသော အရာကို သိချင်သော .....လူ့ စိတ်သည် မသိသည်ကို သိနေ လိုချင်နေခြင်းသာ ဖြစ်ပါသည်...။
သို့ဆိုလျှင်....ကျွန်တော်လည်း အနောက်ခြမ်း မှ သတ္တ၀ါ များ ကို သိနေနိုင်ပါသည်...။ သေချာသည်ကတော့ တိရိ စ္ဆာန်ရုံ မြောက် လှောင်အိမ် ထဲမှ မြောက်များလို ဖြစ်နေသော ရန်ကုန်မြို့ မှ လူများလို မဟုတ်မှာတော့ သေချာပါသည်..။
မွေးကတည်း က မြင်ဖူးနေသော နေ၀င်ရာ အရပ်သည်..အနောက် အရပ် ဖြစ်၍ တစ်ခါတစ်လေ မှ ကျွန်တော် တွေ့ခဲ့ဖူးသော နေထွက်ရာ အရပ် သည်...အရှေ့ အရပ် ဖြစ်သည် ဟု ........
""ပထမတန်း"" မြန်မာဖတ်စာ အုပ်ထဲတွင်...ဖတ်ခဲ့ဖူး ပါသည်..။.
အနောက်အရပ်မှ သတ္တ၀ါများသည် ကျွန်တော် အထင်တော့ နောက်ကျနေသော သတ္တ္လ၀ါ များသာလျှင် ဖြစ် ချေရပေမည်...။
အဘယ့်ကြောင့်ဆိုသော် .....နေသည် ကျွန်တော်တို့ ဆီမှ ဖြတ်ကာ သူတို့ဆီသို့ ၀င်ရောက်သွားခြင်း ကြောင့် ဖြစ်ပါလိမ့်မည်...။
လောက၏ နေ့နှင့် ညများတွင်....ပေတရာ လမ်းအလယ်မှာ လမ်းလျှောက်ထွက်တတ်သော ကျွန်တော် တစ်ရက်တွင်...........အများ အသတ်မှတ်ခံ မိန်းမပျို တစ်ယောက်၏ ရက်ရောလှပသော အပြုံး နုနု တစ်ခုကို မရည်ရွယ်ဘဲ ရခဲ့ဖူးပါသည်.....။
သူမ၏ အပြုံးများ ထဲတွင် အရောင်၏ စွမ်းအင် အကုန် အစင် ကျွန်တော် အကြည့်အောက်တွင် ထွန်းလင်းခဲ့ ဖူးပါသည်....။နွေခေါင်ခေါင်ကြီး တွင်လည်း ကျွန်တော်တို့ နှစ်ယောက် အတူ မိုးတွေ ရွဲရွဲစို
ခဲ့ ဖူးပါသည်....။
""""လောကမှာ အချစ်ဆိုတာ ခြင်တွေနဲ့ တူတယ်......သူတို့က မွေးဖွား ချင်ရာမှာ မွေးဖွားလာပြီး ကိုက်ချင်တဲ့ လူကို ၀င်ကိုက်တာဘဲ.....အချိန်အခါ၊ နေရာ ၊ လူမရွေး...သတ္တ၀ါ မရွေး ကြဘူးလေ........ဒါပေမယ့် သူတို့တွေ ဟာ (၇) ရက် ပြည့်ရင်တော့ သေရတာပဲ အကိုရဲ့...........""""
ဟု...... သူမနှင့်ကျွန်တော် ကားမရပ်သည့် မှတ်တိုင် အုတ်ခုံပေါ်တွင် ထိုင်နေစဉ် သူမ ကျွန်တာ် မျက်လုံး များကို ကြည့်၍ ပြောခဲ့ ဖူးပါသည်....။
သို့ဆိုလျှင်.....သူမပြောသော အချစ်သည်...ခြင်များနှင့်တူ သည်ဟု ဆိုလျှင်.............။ကျွန်တော် ကတော့ ကားကြိတ်ခံရသော ""ဖားပြုတ်""များ ကို မြင်တိုင်း ""အမုန်းဆိုတာ""...ကားကြိတ်ခံရ၍ ပြားချပ်သွားသော ဖားပြုတ် တစ်ကောင်၏ ရုပ်ကြွင်းသာ ဖြစ်ရမည် ဟု ထင်မြင်မိပါသည်....။
မည်သို့ပင် ဆိုစေကာမူ......ခြင်တစ်ကောင် နှင့် တူသော သူမနှင့် ကျွန်တော် သည် ကားမရပ်သော မှတ်တိုင် အုတ်ခုံများပေါ် တွင် အတော်အတန် စကား အတော်များများ ပြောခဲ့ကြဖူးပါသည်...။
တစ်ခါတစ်ရံ တော့တွင်လည်း နှစ်ဦးစလုံး မထင်မှတ်ဘဲ...မှတ်တိုင်တွင် ကားဝင်ရပ် သဖြင့်.....စကားမပြော နိုင် ဖြစ်ကာ ဆွံအ ခဲ့ဖူး ကြပါသည်....။ ထိုအခါတွင်....သူမ အသက်ရှုသံနှင့် ကျွန်တော် သက်ပြင်း ချသံမှ လွဲကာ
ကားမှတ်တိုင်တွင် ဘာသံမှ မကြားရပါ......။
ပီမိုးနင်း ၏ ""လူမှု့ရေး"" စာအုပ်ထဲမှ စကားပြောချင် ဆိုင်ရာ နည်းနာ များသည် လည်း ကျွန်တော်၏ လက်ပါတ် နာရီလို ပြောင်းပြန် လည် ၍ ထိုအချိန်အခါ မျိုး တွင် ပုံပြ မှားနေတတ်ကြပါသည်.....။
လက်ပါတ်နာရီ တစ်လုံး ၏ ကောက်ကြောင်း ရာဇ၀င်ကို အသေအချာ မလေ့လာ မိခဲ့ ဖူးသော ကျွန်တော် သည်..........
အကြိမ်ရေ တော်တော် များများ အပေါင်းအသင်းများ၏ ချီးမွှမ်းထောပနာ ပြုမှု့ များကို ကြောင်စီစီ နှင့် လက်ခံခဲ့ရဖူးပါသည်......။ ထိုနေ့ ညက ကျွန်တော်၏ သက္ကဋ ဘာသာနှင့် ပြသော ဂန္တ၀င် နာရီ ၏ လက်တံများ သည်.....(၁၂း၃၀)ကို ညွှန်းဆို အဓိပ္ဖါယ် ဖွဲ့နေပါသည်..။
ပြူးကြောင်ကြောင် မျက်လုံး တစ်စုံ နှင့် ရူးတူး ကြောင်တောင် စကားများ ကို စကားဝိုင်း အလည်တွင် ၀င်ဝင် ပြောတတ်သော မိတ်ဆွေကအချိန် သင်္ကေတ ကို ကောင်းကင်ကြည့် ရန်မလိုဘဲ မေးခဲ့ပါသည်....။
လက်တံများ သည်လည်း ထိုသို့ ပုံမှန်အတိုင်း ကျသော ဘာသာနှင့် (၁၂း၃၀) ကိုသာ ပြသကြပါသည်....။
သို့ဆိုကလျှင်......နာရီသည် (၁၂း၃၀) ဖြစ်၍ လိုင်းကားများ သည် (၆း၁၅)မှ ဂိတ်မထွက် ဘဲ ......
အဘယ် သို့ ကြောင့် ကျွန်တော် တို့လ္ဘက်ရည် ဆိုင် ရှေ့ မှဖြတ်ကာ...ခရီးသည် ရလိုချင် အလို့ ငှာ....မှတ်တိုင် တွင် လူခေါ်နေကြသနည်း.....?????????
ကျွန်တော် နားလည် ရန် ကြိုးစားနေဆဲ တွင်...စိတ်မရှည်သော ယင်း...ကျွန်တော် မိတ်ဆွေမှ လ္ဘက်ရည်ဆိုင်မှ တိုင်ကပ်နာရီ ကို
သမင်လည်ပြန် အကြည့်နှင့် လှည့်ကြည့် လိုက်ပါသည်....။
ထိုအခါ ထိုနာရီသည် (၆း၃၀)ကို ညွှန်းပြပေးနေ ပါသည်...။ ကျွန်တော် သင်ခန်းစာ တစ်ခု ရလိုက်ပါသည် ၊ လူများတွင် မကဘဲ
နာရီများ ပင် သစ္စာဖောက်လာချေ ပြီ.....ဟူ၏..။
လ္ဘက်ရည်ဆိုင်မှ နာရီဘဲ သစ္စာ ဖောက်သလား...??????? ကျွန်တော် ၏ လက်မှ ပါတ်ထားသော နာရီဘဲ သစ္စာဖောက်သလား........ကျွန်တော် မသိပါ...။
သေချာတာကတော့ အချိန်နှင့် ကောင်းကင် တစ်ပြိုင်တည်း မကြည့်မိ၍ သာ ဖြစ်နိုင်ပါသည်...။
ထိုအဖြစ် အပျက် များ ဖြစ်ပျက်ပြီး (တစ်လခန့်..) အကြာတွင် ကောင်းကင် သည် နာရီ ဖြစ်သွားကာ ခြင်များသည်လည်း အနောက်အရပ် သို့ ""ကားကြိတ် ထားသော ဖားပြုတ်များ"" များကို သဂြိုလ်၍...... ကျွန်တော်အနားကနေ ""AKON"" ၏ ""lonely"" သီးချင်းကိုသီဆိုကာ ထွက်သွားကြပါသည်..။
ထိုအခါ ကျွန်တော်၏ ချစ်လှစွာသော လက်ပါတ်နာရီ သည်လည်း.... သော့တံ ကြိုးသွား၍ အခန်းထောင့်မှ အမှိုက်ခြင်းထဲကိုလွင့်ပြစ်ချိန် ရောက်ရပါတော့ပေ၏..။
ကောင်းကင်တွင်တော့ ကျွန်တော် နားမလည်သော နာရီများသည် တိုးတိုးတိတ်တိတ် ဆက်ကာဆက်ကာ လွင့်မျောနေကြ တော့မည်.....ဆိုခြင်းမှာ...........................
မသေချာသလား..........၊ သေချာသလား..............၊
ကျွန်တော် ဆက်လက်ဝေခွဲ နိုင်တော့မည် မထင်တော့ပါ...။ ။
##########################@@@@@@@@@############################
kyagee13@gmail.com(23.3.11)

No comments:
Post a Comment