Wednesday, September 5, 2012
ဝါကျတ္ထဒေါသမျိုး(၆)ပါး/(၉)ပါး..နှင့်ကကြီးသိသလောက်။
ဝါကျတ္ထဒေါသမျိုး(၆)ပါး/(၉)ပါး..နှင့်ကကြီးသိသလောက်။
ကဲ   သိသလောက်လေး ပြောပြပါဦးမယ်...။
ဝါကျတ္ထဒေါသမျိုး(၆)ပါး။                    ။
(၁)။အပက္ကမဒေါသ-ရှေ့နောက စကားစဉ် ဖောက်ပြန်သော အပြစ်။ ပုံ...."" ဘာဝနာ..သီလ..ဒါန..""
(၂)။ဂမ္မဒေါသ- မယဉ်ကျေးသော စကားလုံးတို့ဖြင့်  ရေသုံးမှု့။  ပုံ...""ကျယ်သောဖင်..ရွှင်မြူးဖူးထသောနို့..""
(၃)။သံသယတ္တ ဒေါသ- ယုံမှားဖွယ်ရှိသည့် အနက်ထွက်သည့် အသုံးအနှုန်းမျိုး။ ပုံ...""ပေးလှုဒါန..ထိုဗုဒ္ဓကို""..""သမ္မာသမ္ဗုဒ္ဓ ပစ္စေကဗုဒ္ဓ""
(၄)။ဘဂ္ဂရီတိ ဒေါသ- ၀ိဘတ်အနက် ကျိုးပျက်သော အနှုန်းအဖွဲ့မျိုး။ ပုံ..."" ထိုထက်နည်းနည်း လှုပြီး ဒါန ""။နည်းလျှင် ""အောက် နှင့်
သုံးရမည်၊များမှ ""ထက်"" နှင့် သုံးရမည်...။
(၅)။သြစီတြဟီန ဒေါသ- ရှေ့နောက်မညီ ယုတ္တိမတန်သော အသုံးအနှုန်း။ ပုံ""..ခြင်္သေ၊ဆင်၊ကျား၊ မကြောက်ငြားဘဲ၊ ကြွက်သားနီတာ၊
ကြောက်ရွံ့ရှာသည်""။
(၆)။ဒုဌာ လင်္ကတိ ဒေါသ- အလင်္ကာများကို ပျက်ဆီးသော အပြစ် ဒေါသ အသုံးအနှုန်း ဟူသမျှ..။
နောက်တစ်နည်း...။
ဝါကျဒေါသမျိုး(၉)ပါး။  စာပေ၀ါကျ စီကုံးရာ၌ ရှောင်ရှားရမည့် အပြစ်(၉)ပါး။ အလင်္ကာ ဥပဒေရပ်များ..။
(၁)။ဧကတ္ထ ဒေါသ-အကျိုးမရှိဘဲလျှက် အနက်သဒ္ဒါ (၂) ပါးကို ထိုဝါကျထဲ၌  အဖန်ဖန် တလဲလဲ ထပ်၍ ပြဆိုခြင်းမျိုး။
(၂)။ဘက္ကရီတိ ဒေါသ- စကားစဉ်ကျိုးပျက်လျှက် ရှုပ်ထွေးမြုပ်ကွယ်သွားသော အသုံးအနှုန်းများ။
(၃)။ဂမ္မ ဒေါသ- ရိုင်းပြသော စကားလုံး အသုံးအနှုန်းတို့ဖြင့် စီကုံးမှု့။
(၄)။အပေတတ္ထ ဒေါသ-ပိဏ္ဍတ္ထခေါ် အနက်ပေါင်း အဓိပ္ပာယ် ကောက်၍ မရနိုင်သော စီကုံးမှု့ မျိုး။
(၅)။ဗျာကိဏ္ဍ ဒေါသ-စပ်သင့် နီးသင့်သော ပုဒ်များကို နီးနီးမထား ကျော်လွှား ခုန်ပေါက် ကမောက်ကမ ရှုပ်ထွေးစွာ ပြထားမှု့။
(၆)။ယတိဟိန ဒေါသ-ဖြတ်ရမည့် နေရာ၌ အဖြတ်မပြ ဖြတ်မရအောင် ရေးသားမှု့
(၇)။အတိဝုတ္တ ဒေါသ-ပြောကြီးလွန်း ကြွားလွန်းသော စီကုံး ရေးသားမှု့။
(၈)။သဗဓ္ဓ ဖရုသ ဒေါသ- ကြမ်းတမ်းသော အက္ခရာ အများအပြားနှင့် ရေးသားခြင်း။
(၉)။ကမ္မစ္စုတ ဒေါသ- လောကသုံး ထုံးတမ်းစဉ်လာမှ တော်လှန်ပုန်ကန်သော အသုံးအနှုန်းများ။
ကိုးကား။
ကဗျာဗန္ဓသာရ ကျမ်း။ (ပုဂံဝန်ထောက် ဦးတင်။)
မာဃဒေ၀ လင်္ကာသစ်။ (မန်လည် ဆရာတော်။)
သဒ္ဒါကြီး ပုဒ်စစ်။(တောင်တွင်း ဆရာတော် ခင်ကြီးဖျော်။ )
သုတေသန သရုပ်ပြ အဘိဓာန်။(အသျှင် သြဘာသာ ဘိဝံသ။)
 ကျွန်တော် ဘာကြောင့် ဒီစာတွေကို လက်အညောင်းခံ မျက်ရိုး အကိုက် ခံပြီး ရေးနေတယ် ထင်ပါသလဲ......
သိစေချင်လို့ပါ..။
လူတတ်လုပ်ချင်ခြင်း...ဆရာ လုပ်လိုခြင်း စိုးစဉ်မျှ မ၇ှိတာကိုတော့ ကကြီး ကိုယ်စောင့်နတ်က ရဲရဲကြီး အာမခံနေပါတယ်..။
ကျွန်တော်ကို စာပေ မိတ်ဆွေ တစ်ယောက်က ပုံပြင်လေးတစ်ပုဒ် ပြောခဲ့တာကို  ပြန်ပြီး ဒီနေ့ပြောပြပါမယ်.....
ရှေရှေဝေးဝေး အာဘော်တွေ ရေးနေ ပြောမနေတော့ ပါဘူး....။ မနက်ကတင်ထားတဲ့ ""အက်ဒ်မင်=အယ်ဒီတာ။"" ပိုစ့်ကြောင့်လဲ ကကြီး အပေါ် အထင်လွဲမှားပြီး  စိတ်အနှောက်အယှက် ဖြစ်နေတဲ့ ကွန်မန့်လေး တွေ တွေ့ ရတော့ စိတ်ထဲလဲ သိပ်မကောင်းချင်ပါဘူး ။
          ကဲပြောပြတော့ မယ်ဗျာ...လူမှု့ဝန်ထမ်းစိတ်ကလေးနဲ့ ပတ်သတ်တဲ့ ပုံပြင်လေး ပါ.....တစ်ခါက လူတစ်ယောက်ဟာ
ပင်လယ် ကမ်းစပ်   တစ်လျှောက် လမ်းလျှောက်ထွက်လာ သတဲ့....အဲ့ဒီမှာ သူရှေ့ ခပ်လှမ်းလှမ်း မှာ
လူတစ်ယောက်က ကမ်းခြေက   အရာဝတ္ထုတွေ ကိုယူပြီး ပင်လယ်ထဲကို လွှင့်ပြစ်နေတာ ကို တွေ့ သတဲ့...ဒါကို သူက တွေ့တော့ စိတ်ဝင်စားသွားပြီး အဲ့လူ အနားသွားပြီး မေးသတဲ့....
""ဟေ့လူ ခင်ဗျား ဘာတွေကို ကောက်ပြီး လွှင့်ပြစ်နေတာ လဲ..."" လိုမေးလိုက်တယ်...
  ဟိုလူက ပြန်ပြောသတဲ့...
        "" အော် ကျွန်တော် ခရုလေးတွေ ကိုသူတို့အသက်ရှင်အောင် ဒီကနေ ကောက်ပြီး ပင်လယ် ထဲ ပြန်ပို့ ပေးနေတာပါ""..တဲ့
  အဲ့ဒီစကားကို မေးတဲ့ လူလဲကြား ပြီးရော...ခွက်ထိုးခွက်လန်  ဟက်ဟက် ပက်ပက် ကို ရယ်(ရီ) သတဲ့...
ပြီးတော့ တဆက်တည်းဘဲ....ခရုတွေကို ကောက်ပြီး လွှင့်ပြစ်နေတဲ့ လူကိုလဲ ပြောလိုက်သတဲ့...
            ""ခင်းဗျားက ရူးနေတာဘဲဗျ ဒီလောက်ပင်လယ် ကမ်းစပ်မှာ ရှိနေတဲ့ ခရုတွေကို ခင်ဗျား ဒီလိုကောက်ရုံနဲ့ အားလုံးကိုအသက်၇ှင်အောင် ကယ်နိုင်မလား..""လို့ မေးလိုက်တယ်...။
 အဲ့ဒီမှာ  ဟို ခရုလေးတွေ ကို ကောက်ပြီး  လွင့်ပြစ်နေတဲ့ သူက ဘာပြန်ပြောလိုက်သလဲ ...ဆိုတော့..
  "" အော် ..ကျွန်တော် ဒီကမ်းစပ် တစ်လျှောက်မှ ရှိနေတဲ့ ခရုတွေ အားလုံးကို အသက်ရှင်အောင် လွှင့်မပြစ်နိုင်ပေမယ်......ခု ကျွန်တော် လက်လှမ်း မှီသမျှ ခရုလေးတွေ ကတော့  အသက်ရှုင်သန်ခွင့် ရသွားတာပေါ့..""တဲ့
 ဒါပါပဲ  ကကြီးပြောချင်တာလေးကတော့ ဒါပါပဲ...ဗျာ..။
မေတ္တာ။
ရှေးက က၀ိ ပညာရှိတို့
အသိချန်ထား  နောင်စာအားဖြင့်
တိုးပွားစေရာ နည်းလမ်းသာ သည်
သုံးများ ဆရာ၊
များသောစာပေ  တိုးတက်စေ၍
ပေး စေတနာ  ဂရုဏာ သည်
မိုးသို့လျှံတက်  မြန်ပြည်တွက်.။             ။
                                              ကကြီး။kyagee13@gmail.com(12.6.11)
No comments:
Post a Comment