မှင်စာကြိုးများ၏ ပြတ်ဆဲခြင်း အဓိပ္ပါယ်။
ဒီလမ်းမကြီးရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ ကျွန်တော်မမွေးခင်ကတည်းက ရှိနေပြီ ဖြစ်တဲ့ ကုက္ကိုပင် ထွာထွား ကြီးတွေ အစီအရီရှိနေတယ်....။ ခုလို မိုးအကုန် ဆောင်းအ၀င် ကာလလေးမျိုးမှာ ဒီလမ်းလေးမှာ
လေနဲ့ အတူ ပါလာတတ်တဲ့ .....ဟိုး.........အရှေ့လယ်ကွင်း စိမ်းစိမ်းတွေ ဆီက စပါးပင်နံ့ သင်းသင်းလေးတွေ ထုံသငိးနေပြီး လမ်းလေးရဲ့ အေးမြငြိမ်အေးမှု့ ကို ဖြတ်လျှောက်မိတဲ့ လူတိုင်း ခံစားမိကြတယ်...
လမ်းရဲ့အနောက်ဘက်မှာ တပြန့်တပြောကျယ်ပြန့်တဲ့ ကုန်းလွင်ပြင်ကြီး ကြားကနေ ကွေ့ကွေ့ဝှိက်ဝှိက် စီးဆင်းနေတဲ့ သိပ်မကျယ်တဲ့ စမ်းချောင်းလေးက ဒီလမ်းလေးရဲ့ အလယ်ကနေ အနောက်ဖက်ကို
ဖောက်ထွက်ပြီး တသွင်သွင် စီးဆင်းနေတယ်......။
ဒီကုန်းမြင့်ကြီးရဲ့ အထက်မှာတော့ ကျွန်တော် ညနေ ဒီလမ်းလေးကို ရောက်လာတဲ့ အချိန်တိုင်း ကလေးငယ်တစ်ချို့နဲ့ လူကြီးတစ်ချို့ဟာ ဘောလုံးကန်သူ ကန်.....ကောင်းကင်အထက်မှာ စွန်တိုက်ပွဲ ဆင်နွှဲသူနွှဲနဲ့
ဒီကုန်းမြေပြန့်လေးဟာ အတော်အတန် အသက်ဝင် လှပနေတတ်ပါတယ်.....။ ကျွန်တော် ဒီလမ်းလေးကိုလာဖို့အတွက် ဒီအနောက်ဘက်က ကွင်းကျယ်ကြီးကို မိနစ် (၄၀)လောက် ဖြတ်လျှောက်လာခဲ့ရတယ်...။
ဒီလို ညနေခင်း အချိန်တွေဆိုရင် ဒီလမ်းလေးထက်မှာ တစ်ဖက်က တစ်ဖက်ကို သွားတဲ့လူတွေရှိတယ်......၊အညောင်းပြေ လမ်းလျှောက်ထွက်တဲ့ လူတွေ ရှိတယ်......၊မိသားစု စုံစုံလင်လင် နဲ့ ရင်နှစ်သည်းချာ
သားသမီးလေးတွေကို လက်စွဲပြီး ကြည်နူးရွှင် ပြုံးနေတဲ့ မိသားစုတွေရှိတယ်......။ တောက်ဘက်မှာရှိတဲ့ စက်မှု့ဇုံ ကနေ မြောက်ဘက်ကို အလုပ်ပြန်လာကြတဲ့ လူတွေတွေ့ ရမယ်...။
ကျွန်တော် ဒီလမ်းလေးကို ရောက်လာခဲ့ ပြီ ဆိုရင်.....ခန္ဓာကိုယ်ထဲကို ဘယ်ကဘယ်လို ရောက်လာမှန်း မသိတဲ့ ခံစားမှု့တွေ ရောက်ရောက် လာတယ်...။ အဲ့ဒီ အခါမျိုး မှာ လူက ၀မ်းနည်းသလိုလို ရင်ဘတ်ထဲမှာ
တင်းကျပ်လာသလိုလို ..... အရာအားလုံးဘဲ လစ်ဟာသွားသလို.........ဆုံးရှုံးခဲ့ ဖူးတာတွေကို ဘဲ တစ်ပြိုင်နက်တည်း ပြန်ရလိုက်သလိုလို......ခံစားမှု့အစုံကို စိတ်မှာ ရုပ်ရှင်ပြကွက်တွေလို ဖျတ်ကနဲ ဖျတ်ကနဲ
ခံစားနေရတယ်....။
ထိခိုက်လွန်းအောင် စွမ်းဆောင်နိုင်တဲ့ ဒီခံစားမှု့တွေ ဟာ လူကို တကယ်ကို မောပန်းလွန်းစေပါတယ်....။ ဘာရယ်ကြောင့် အဖြေရှာ မရအောင် ရှုပ်ထွေးလွန်းတဲ့ ခံစားမှု့တွေက ကျွန်တော့် အတွက် ဒီလမ်းလေးနဲ့ဒီပါတ်ဝန်းကျင် အပေါ်မှာ အခြေတည် ခဲ့တယ်...။
တစ်ခါတစ်လေ ကျတော့လည်း ကျွန်တော် ဒီလို ခံစားမှု့တွေကို ထိတ်လန့် လာလို့ ဒီနေရာလေးကို ကျွန်တော် ရက်အတော်ကြာ မေ့ထားခဲ့ ဖူးတယ်....။
ဒါပေမယ့် .....ကျွန်တော်သိပ်မကြာခင်မှာဘဲ ...လွမ်းဆွတ်မိလာပြန်တယ်...။ ကျွန်တော် ဒီနေရာလေးကို တမ်းတမိလာပြန်တယ်.....။
အပြီးသတ်တော့ ကျွန်တော် မလွန်ဆန်နိုင်စွာနဲ့ ဘဲ ဒီနေရာလေးကိုပြန်ရောက်လာခဲ့ရပြန်ပါတယ်.....။ကျွန်တော် ဒီလမ်းလေးပေါ်ရောက်လာရင် ပထမဦး ဆုံး ကျွန်တော် လုပ်ဖြစ်တဲ့ အမူအကျင့်က လမ်းရဲ့ အဆုံးထိ ရှောက်မယ် အားခဲပြီး ကျွန်တော်လမ်းလျှောက်လိုက်တာပါဘဲ...။
ဘယ်လောက်ဘဲ စိတ်က ဆန္ဒတွေ ရှိရှိ တစ်ကယ်တန်းမှာတော့ ကျွန်တော် ခြေလှန်း (၅၀) ထက် ပိုမလျှောက်နိုင်ခဲ့ပါဘူး...။
အတွေးထဲကိုမပြတ် ၀င်လာနေတဲ့ ခံစားမှု့ အဆင့်ဆင့်တွေကို ကျွန်တော် ရင်ဆိုင် အံတုပြီး ဆက် အာ.. မခံ နိုင်တော့ ဘူး....။နောက်...ကျွန်တော် အရမ်းလည်း မောနေမိတတ်နေတယ်လေ......။
ကျွန်တော် ဒီခံစားမှု့တွေကို ရှုံးနိမ့် စွာနဲ့ဘဲ ကျွန်တော်လမ်းနဘေး ချောင်းရိုး တံတားအုတ်ခုံ ပေါ်မှာ ရင်တုန်တုန် နှလုံးခုန်ခုန်နဲ့ ခြေပြစ်လက်ပြစ် ထိုင်လိုက်ရစမြဲပါဘဲ.....။
အကြိမ်ကြိမ် အခါခါပါ.....ကြာလာတော့လည်း ကျွန်တော် အကျင့် ဖြစ်နေပါပြီ လေ.....။
ကောင်းကင်အထက်မှာ လွင့်မျောနေတဲ့ စွန်လေးတွေ လို အောက်ကစွန်ကလေးရဲ့ သခင် အလိုကျ ရပ်တည်ပေးနေရတဲ့ ဘ၀မျိုး ကျွန်တော် မုန်းမိပါတယ်....။ တကယ်ဆိုရင် လွတ်လပ်တဲ့ ကောင်းကင်ပြင်ကြီးရဲ့
အထဲမှာ အတားအဆီး အထုအထည် မရှိပါဘဲလျှက် လိုရာကိုသွားရောက်ခွင့် မရတဲ့ ဘ၀က......အတော် ရင်နာစရာကောင်းသလို...တိုက်ခိုက်လိုတဲ့ ဆန္ဒ မရှိလား.......ရှိလား...တူညီချက် မယူဘဲ သခင့်ရဲ့ တဖတ်သတ်
သဘော အလိုတော်အတိုင်း သူတို့ခမျာ တစ်ယောက်နဲ့ တစ်ယောက် ပျံသန်းအနိုင်ယူတိုက်ခိုက်ကြနဲ့.....ကိုယ့်ရပ်တည် မှု့ တည်မြဲနေနိုင်ဖို့ အတွက် အာမခံချက် မရှိတဲ့ သူတို့ ဘ၀ဟာ ဘာမှ မရေရာပါဘူး......။
အော် ကိုယ်ပိုင် ရှင်သန်ခွင့် မရတဲ့ အငှားဘ၀တွေ ပါလား................................
ကျွန်တော် ကောင်းကင်ထက်ပေါ်က ပြိုင်ဆိုင်မှု့ တစ်ခုရဲ့ အဆုံး ...အတည်ပြု သတ်မှတ်ချက် အဆုံးမှာ.....အောင်မြင်မှု့နဲ့ ရှုံးနိမ့်မှု့ ဒီနှစ်ခု အသတ်မှတ်ခံစွန်ကလေး နှစ်ကောင် ကိုကြည့်ရင်းနဲ့ အလိုလို မျက်ရည်တွေ ၀ဲလာမိတယ်.......ပြီးတော့ ကျွန်တော် ပြုံးမိသလား....လိုရာကိုစေစားတဲ့ သခင့်ရဲ့ ချည်ကြိုးတွေကနေ စွန့်ခွာလွတ်မြောက်သွားတဲ့ စွန်ကလေးအတွက် ကျွန်တော် မျက်ရည်ကျမိသလား......?
ဒါမှမဟုတ် သခင့်ရဲ့ ချည်ကြိုးမှာ ဆက်လက်တည်မြဲ ခွင့် ရသွားတဲ့ စွန်ကလေး အတွက် မျက်ရည် ၀ဲခဲ့ မိသလား.......? အပြုံးတွေနဲ့ ဘဲ ဂုဏ်ပြုပေးခဲ့ မိသလား.............။
ကိုယ့်ကိုကိုယ် တောင် မဝေခွဲ နိုင်တော့ပါ ဘူး.....။
စူးကနဲ ထိုး အောင့်လာတဲ့ ရင်ဘတ်ဘယ်ဘက်က ခံစားမှု့ တစ်ချက်ကိုမျက်နှာလေး မဲ့ သွားအောင် ပြင်းပြင်း တစ်ချက် ခံလိုက်ရတယ်.......။ မကြာမကြာ ခံရမြဲ ဖြစ်တဲ့ ဒီလို ခံစားမှု့ က ဒီတစ်ကြိမ်မှာတော့ နည်းနည်းလေး ပို မြင့် လာသလိုဘဲ........။
လက်မှာ ပါတ်ထားတဲ့ မေမေ အသက်(၁၄) နှစ် မွေးနေ့က ကျွန်တော်အတွက် ၀ယ်ပေးခဲ့တဲ့ နာရီလေးကို ငုံကြည့် မိလိုက်တော့.........နာရီ လက်တံများက ကျွန်တော် ပြန်သင့် သည့် အချိန်ထက် အတော်အတန် ကျော်နေပြီ ဆိုတာ ကို သတိပေးနေကြ တယ်....။
ကျွန်တော် ပြန်ရတော့ မယ် လမ်းလေး တစ်ဖက်က ကုန်းမြင့်မြင့် ဟိုး....တစ်ဖက်တ ဘက်က ကျွန်တော်တို့ အိမ်သေးသေးလေးကို ပြန်ရတော့မယ်.....။ ဒီအချိန်ဆို မေမေ ကျွန်တော် ကို စိတ်ပူနေပြီလား..မသိဘူးနော်...။
ဒီလမ်းလေး ထက်မှာ မနှစ်က ဖေဖေနဲ့ ကျွန်တော် လမ်းလျှောက်လာခဲ့ ဖူးတယ်....။ကျွန်တော်က ဖေ့ဖေ့ အားကိုးနဲ့ ကျွန်တော် သိပ်သွားချင်တဲ့ ဒီလမ်းလေးရဲ့ အဆုံးကို သွားမယ်ပြောတော့.......ဖေဖေကဘဲ...
ဒီနေရာ...ဒီ အုတ်ခုံလေးရဲ့ ရှေ့က လမ်းထက်မှာ ကျွန်တော်ကို အဓိပ္ပါယ်ရှိတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး ""သားလေးရယ်...နောက်နေ့မှ သွားကြမယ်နော်...ခု...သားလေး မောနေပြီး...လေ""တဲ့.....
အဲဒီ့လိုပြောခဲ့တဲ့ ဖေဖေက ကျွန်တော်ကိုပြောခဲ့တဲ့ အတိုင်း နောက်နေ့ ဆိုတာကို ကျွန်တော် အတွက် သတိတရနဲ့ ကျွန်တော် သွားချင်တဲ့ ဒီလမ်းလေးရဲ့ အဆုံးကို သွားနိုင်ဖို့ မဖန်တီး ပေးခဲ့ ပါဘူး...။
ဖေဖေ ပြောတဲ့ "နောက်နေ့.." ဆိုတာကို ကျွန်တော် မျှော်နေပါတယ် ဖေဖေ........
ဖေဖေ ဂတိ မတည် ဘူး ဖေဖေရာ.....................................
အမှောင်တစ်စ တစ်စ တိုး ၀င်လာတဲ့ ဒီလောကကြီးကနေ ကျွန်တော် ဒီနေရာ ဒီလမ်းလေးကနေ ထွက်ခွာ သွားသင့် ပြီ ဆိုတာကို သူ့ အမူအရာတွေနဲ့ သိသိသာသာ လေး သတိပေးနေတယ်...။
ကျွန်တော် ဒီနေရာလေးကို ရောက်ပြီး ပြန်ခါနီး အချိန်တိုင်း လုပ်နေမြဲ ဖြစ်တဲ့....အလုပ်လေး တစ်ခု ကိုလုပ်ရဦးမယ်......အုတ်ခုံလေးရဲ့ နောက်က ရေတွေ အမြဲစီးနေတဲ့ ချောင်းလေးထဲကို ကျွန်တော် ဂျာကင်အင်္ကျီ အိတ်ထဲက မေမေ မသိအောင် ၀ှက်ထားတဲ့ ဆေးပြားလေးတွေကို ကျွန်တော် အားရကျေနပ်စွာ ပြုံးကြည့်လိုက်ပြီး စမ်းချောင်းလေး ထဲကို ပြစ်ချ လိုက်တယ်....။
""ပလုံ......ပလုံ.."" ဆိုတဲ့ အသံလေးနဲ့ ရေစီးမှာ ဝေ့ကာဝဲကာ နစ်မြုပ် ပျောက်ကွယ် သွားတဲ့ ဆေးလုံးလေးတွေကို နောက်ဆုံးသော ကြည့်ခြင်း မျိုးနဲ့ ကျွန်တော် ကြည့်လိုက်တယ်....။
ဟုတ်တယ် ....သူတို့ကို ကျွန်တော် အရမ်း မုန်းတာဘဲ.................။ သူတို့ဟာ ဘာနဲ့တူသလဲ ဆိုတော့ သခင့် အလိုကျ ကောင်းကင်က စွန်ကလေးတွေကို လွတ်လပ်စွာ ပျံသန်းခွင့် မပေးဘဲ ချည်နှောင် တိုက်ခိုက်ခိုင်း
နေတဲ့ ချည်ကြိုးတွေနဲ့ တူတယ်.......
စူးကနဲ...စူးကနဲ...မပြတ်အောင့်လာတဲ့ ရင်ထဲက ခံစားမှု့ကို အံတင်းတင်း ကြိတ်ပြီး ကြိတ်မှတ်ခံစားရင်း ကျွန်တော် ထရပ်လိုက်တယ်......။ ဒီတစ်ခါ ကျွန်တော် မပိုင်တဲ့ ကျွန်တော် ရင်ဘတ်ထဲက ခံစားမှု့တွေက အတော် ဆိုးဆိုးကို ပြင်းထန်လာတယ်.......။ မျက်လုံးတွေက ပြာဝေ နောက်ကျိ လာတယ်....။
အသက်ကို ပါးစပ် က တစ်ချက် ခပ်၀၀ ရှု သွင်းလိုက်တဲ့ အချိန်မှာ အဆမတန် ထိုးအောင့် လာတဲ ခံစားမှု့နဲ့အတူ မျက်လုံးထဲမှာ မြင်လိုက်တာက မေမေ့ အနားကနေ ဖေဖေ့ နေရာ ကို ၀င်ယူပြီး ကျွန်တော် ကို အမြဲ ဆူပူနေတဲ့ လူကြီးမျက်နှာရယ်......ဖြူဖြူဖွေးဖွေး ပါးချိုမ့်လေး ပေါ်အောင် ပြုံးတတ်တဲ့ ဖေဖေ နဲ့တူတဲ့ ညီမလေး မျက်နှာလေးရယ.်..........ကျွန်တော် ပြန်ရောက်ချိန်တိုင် မရောက်လာလို့ စိတ်ပူနေမယ့် မေမေ့ မျက်နှာရယ်........
နောက်ဆုံး အကြိမ် စူး ခနဲ ထိုးအောင့် သွားတဲ့ ရင်ဘတ်ကခံစားမှု့နဲ့ အတူ ဖြတ်သန်းသူ မရှိတော့တဲ့ ကျွန်တော် ချစ်တဲ့လမ်းကလေးကိုငေး အကြည့် လမ်းကလေးရဲ့ ဟိုး..........တစ်ဖက် ခပ်လှမ်းလှမ်း ကနေ ဖေဖေ ကျွန်တော် ဆီကို တစ်လှမ်းချင်း ရှောက်လာနေတာကိုတွေ့ လိုက်ရတယ်........။
ဖေဖေ က ကျွန်တော့် ကို တစ်စုံတစ်ခု ကို လှမ်းပြောပြီး ...............ကျွန်တော် သွားချင်တဲ့ ဟိုး.........လမ်းလေး တစ်ဖက်ရဲ့ အဆုံးရှိတဲ့ ဘက်ကို လက်ညှိုးထိုးပြနေတယ်...........။
ကျွန်တော် ရဲ့ ခြေ နှစ်ဖက်ကို ကျွန်တော် တောင့်ထားနိုင်စွမ်း ကင်းမဲ့စွာနဲ့ အာရှော့လိုက်ရတဲ့ ခဏမှာ................... ရပ်တည်နိုင်မှု့တွေအားလုံး အုတ်ခုံလေး ဘေးမှာ ခွေ ကနဲ.....လဲသွားတဲ့ အချိန်မှာ............................................
ဖေဖေ့ ခြေဖမိုး ဖြူလျှလျှ လေး ကျွန်တော် အနားမှာလာ ရပ်နေတာကို ဝေး၀ါးနေတဲ့ အမြင်တွေ ကြားကနေ မြင်လိုက်ရပါတယ်..................
အဲ့အချိန်မှာ..................................................
ဟိုး..........ကောင်းကင်မှာ သူနိုင် ကိုယ်နိုင် သခင့်ရဲ့ အလိုကျ တိုက်ခိုက်နေတဲ့ စွန်ကလေး နှစ်ကောင် ဟာ.......တိုက်ဆိုင် လွန်စွာနဲ့ ဘဲ ပြိုင်တူ ဆိုသလို....ကောင်းကင်ထဲမှာ ချည်ကြိုးတွေကနေ လွတ်မြောက် သွားကြတယ်....။
လေအဟုန်ထက်မှာ တစ်ဆင့် ခြင်း......တစ်ဆင့်ခြင်း..............လွင့်ကာ....လူးကာနဲ့ စွန်ကလေး နှစ်ကောင်ဟာ... ဟိုး............လမ်းလေးရဲ့ တစ်ဖက်စွန်း.....မိုးတိမ်တိုက်တွေ ကြားထဲကို လေဟုန် ပင့်လို့ မျောလွင့် သွားကြတယ်.............။
အရောင်တွေ ပြောင်းလာတဲ့ အာကာပြင်ကြီးမှာတော့ ............... မှိတ်တုပ် မှိတ်တုပ် ကြယ်ကလေးတွေ ထွက်လို့ လောကကမ္ဘာမြေ အပေါ်............ ညဆိုတာကို ဖန်တီးပေးတော့ တာပေါ့.......။
ကုန်းမြင့်မြင့် ဟိုတစ်ဖက်က ဓါတ်မီးရောင် တ၀င်း ၀င်း နဲ့ ဒီလမ်းလေး ဘက်လာနေတဲ့ လူအုပ်ကြားက အမျိုးသမီး တစ်ဦး ရဲ့ မျက်ရည်တွေနဲ့ ဗလုံးဗထွေး စကားသံတွေ ကတော့......................
ဒီလမ်းလေးပေါ်ရောက် တဲ့ အချိန်မှာ....................................တိကျတဲ့အဓိပ္ပါယ် တစ်ခုကို မြင်တွေ့ရတော့ မှာပါ................
ကောင်းကင်ထဲကို လွင့်ပါ သွားတဲ့ စွန်လေးနှစ်ကောင် ကတော့.................
ဟိုး.....................ကောင်းကင် မှောင်မှောင် ထဲကနေ မြင့်သထက် မြင့်.....................လွင့် သထက် လွင့်....ကာ........................
မှိတ်တုပ် မှိတ်တုပ် ကြယ်ကလေးတွေဆီ............................ လက်ချင်းတွဲ လို့ ခရီးတွေဆက်နှင်နေမလားဘဲ.......................................။ ။
kyagee13@gmail.com(20.3.11)
###########################################################@@@@@@@@@@@@@@@@@@@#################################################################

No comments:
Post a Comment