ချစ်အဆိပ်..။
ပန်းသီး တစ်ဆိတ်ရဲ့ ချိုမြိန်ခြင်း တွေနဲ့
သွားတက် ပါတဲ့ အပြုံး တစ်ခုအောက်မှာ
ငါ..ကျရှုံးခဲ့ ပေမယ့်.......
ချွေးစက်တွေကြားက ခါးလှတဲ့ ဘ၀မှာ...
ဒီကျရှုံးမှု့ အတွက်...""ငါ..ကျေနပ်တယ်..""...။
ဆည်းလည်းသံ ကြားက တိုးထွက်လာတဲ့
နင့် စကားသံကို...
ငါ့ ကျောမှာ..မနိုင်တနိုင် ထမ်းပိုးရင်း....
နရီ မှန်တဲ့ စည်းချက်နဲ့ အတူ
ငါ့ နှလုံးသား က အမာရွတ်တွေ မှိန်ခဲ့တယ်....။
နင့် ဆံနွယ်ရဲ့ လွင့်ပါး မှု့ မှာ.....
သာယာ တတ်တဲ့ တေးသီချင်းတွေကို ချိတ်ပြီး..
နေ၀င်ရာ မှာ ကြည်နူးပြီး လည်း အိပ်ဖူးတယ်........
အိမ်မက်တွေ မက် သန်းခေါင်ယံ မှာ နင့် အတွက်လည်း ရှက်ဖူးတယ်...။
အတိတ်ဆိုး ရဲ့ ဥခွံ အောက်မှာ
ဆိတ်သုန်းခဲ့ ရတဲ့ အပြုံးတွေရဲ့ အရိပ်ကို
နင်က ငါ့ မျက်နှာပေါ်မှာ ပေးသိပ်....
ချစ်ခြင်းမေတ္တာရဲ့ အဆိပ်တွေနဲ့
နင့်နှုတ်ခမ်းပေါ်မှာ ဖိသိပ်
မြတ်နိုးခြင်းရဲ့ တံဆိပ်က
မိုင်ပေါင်း ကုဋေကုဋာ ဝေးကွာတဲ့....
သမုဒ္ဒယာ အထက်မှာ.............
ငါ့ စိတ်တွေနဲ့ အတူ လေဟုန်တွေ စီးလို့.....။. ။
ကကြီး။kyagee13@ (29.4.11)
No comments:
Post a Comment