လူ။
သက်တန်းတစ်ကွေ့ ကြုံရတွေ့ရ
တည်ရွေ့မကြား ကမ္ဘာခြား၌
ဖြစ်ပြားအထွေ ဘ၀တွေနှင့်
သက်တွေထပ်ခါ သံသရာမှာ
လည်ကာမပြတ် အသိဖြတ်လို့
ပြီးပြတ်မရှိ ခန္ဓာရှိသည့်
သိရှိမသာ လူ့တဏှာ......။
ဖြစ်ပြန်ပျက်ပြန် မမြဲဟန်ကို
ပြင်းထန်ဇွဲထစ် သတိကျစ်၍
မနှစ်တောင့်ထား ငါ့ခါးအားသည်
တင်းထားမညီ ပျော့ချေပြီ........။
ဗုဒ္ဓလမ်းပြ တရားမြက
လိုပြထင်ရှား နည်းပေးအားက
ပြောထားအစဉ် ဖြစ်စေချင်လည်း
မကြင်ကျင့်ပျက် "ကာမ"ထက်မှ
သိလျှက်မိုက်မဲ ဇွတ်တိုးရဲဘိ
ငရဲထိခြေ ရှစ်ထပ်မြေ.....။ ။
No comments:
Post a Comment