လမ်း..။
ဝင်သက် နဲ့ ထွက်သက် ရဲ့ ""ပိုင်းခြားမှု့"" မှာ
ရှင်သန်ခြင်းနဲ့ ""ဒွန်တွဲ"" တဲ့.......
""သာမာန် လူတစ်ယောက် "" ဘ၀က
ငိုသံ တွေ ရှိမယ်.........
အငိုမဆုံးတဲ့ ""မျက်ရည် "" တွေလည်း ရှိမယ်......
သာယာစွာ သီဆိုတဲ့
""တေးကျုးရင့်သံ "" တွေလည်း ရှိမယ်.......
ဒါပေမယ့်.....။
""မရဏမင်း "" ရဲ့ "" လက်ယပ် ခေါ်ဆိုမှု့ "" မပါရင်ပေါ့.....။ ။
ကကြီး။
kyagee13@gmail.com (18.5.11)
မူပိုင် အငှား။
နေ့ကို ဆခွဲ လို့ ညကို ကဗ္ဗည်းထိုး
ခံစားရာတို့ သွားတဲ့ ဘ၀တစ်လျှောက်
ညတွေလဲ နောက်နေပြီ.........
နေ့တွေလဲ ပျောက်နေပြီ......
အချိန်နဲ့ လူရဲ့ ခရီး
ပေးစပ်မှု့ အတိနဲ့ ပဲ ပြီးနေတယ်.........။
ကောင်းကင်ထက်က ""ဆိုင်းကြိုး ""
သာမာန် လူတွေနဲ့ မတူတဲ့ ""ဆွဲချက် "" တွေနဲ့
(ငါ့ကို..) လူ့ဇတ်ခုံ ပေါ်မှာ ကပြ
ဇတ်ပျောက်နေတဲ့ ည လား........
အမှားတွေ အောက် ရောက်နေတဲ့ ""ဘ၀"" လား.......
""ယူရေနီယံ "" တွေထက် ပြင်းတဲ့ ""အတ္တ"".....
သူမတူတဲ့ ""မာန"" တွေ နဲ့
ကဗျာတွေ နဲ့ မီးထိုး
မျက်ရည် ခိုးတွေ ရေလို လျှံ.........
(ငါ့..)ခန္ဓာပေါ်မှာ ဘ၀အမှန် မရှိဘူး...။ ။
ကကြီး။
kyagee13@gmail.com (29.5.11)
မိခင်။
ဝမ်းကြာတိုက်။
မျက်စောင်း သုံးခါ ။
သောက်စေ သွေးတို့ ။
ယုယ ပိုက်ထွေး ။
ညွှန်ပေး လမ်းလှ ။
အခါခါ ခွင့်လွှတ် ။
ပေးစပ် တစ်ပါး ရင် ။
ပို့သ မေတ္တာ ။
လည်ပြန် ထားရစ် ။
"" မေမေ..."" ။ ။
ကကြီး။
မျောပါခြင်း(သို့)မျောကြခြင်း။""နာရီ"" ရာသီတွေ စီ နေတယ်.......
""ကမ္ဘာ"" ဘာသာတွေ မြည်နေတယ်......
""ဆိုလိုချက်"" အပိုတွေ ထွက်နေတယ်......။
လူဆိုတဲ့ ""ပြဌာန်းချက်"" လူတို့ ရှောင်ကြရဲ့......
နွေနဲ့ မိုးဆောင်း အခါခါ ပြောင်းရဲ့..........
(နာရီ.....""အပိုတွေ"" ထွက်နေတယ်......,,,ပြဌာန်းချက်...""ကပြောင်းကပြန်""..။)
သက်ဝင် ရှိုက်ထွက်
ရှုဖို့ ခက်တဲ့ လူတို့ဘာဝ
မျိုးစိတ်ဗေဒ မမျှ နရီ
ပန်းကြွေတော သို့ မျောကြရော................။ ။
ကကြီး။
kyagee13@gmail.com (27.5.11)
No comments:
Post a Comment