လူ.......။
လူနှင့်တိရိစ္ဆာန် ပိုင်းခြားကန်သတ်ထားသော နယ်နိမိတ်စည်းသည် အသိတရား ကွာဟမှုပင် ဖြစ်ပါသည်.။ တိရိစ္ဆာန်တစ် ကောင် ၏ တွေးတော စဉ်းစားနိုင်မှု အသိတရားသည် ကိုယ်ပိုင် အတ္တကိစ္စများကို ကျော်လွန်၍ ပရဟိတ ဘက်သို့ပြောင်း လဲနိုင်စွမ်း မရှိကြပေ၊မိမိတို့ အတွက်သာ စဉ်းစား၍ ရှင်သန်တတ်ကြပေသည်..။ လူဆိုသော အသိတရားနှင့် ဆင်ခြင်တုံ တရားရှိသော ကျွန်ုပ်တို့ တွင်တော့အရာရာ ကို တိရိစ္ဆာန်နှင့် ခြားနားစွာ လက်ခံကျင့်သုံးတတ်ကြလေသည်..။ ပရ နှင့် အတ္တ ကို မျှတစွာ ကျင့်သုံးနေ ထိုင် တတ်ကြလေသည်။
လူသည် တိရိစ္ဆာန်ထက် မြင့်မားသော အသိရှိ သက်ရှိသတ္တ၀ါ တစ်မျီုးဖြစ်လေသည်..... သို့သော် လူမှန်လျှင်ထိုကဲ့သို့စိတ်ထား နှင့် ရှင်သန်တတ်သော သဘော ပုံသေရှိသည် ဟုတော့ ကျွန်ုပ်တို့ တသမတ်တည်း မှတ်ယူထား၍ မရပါ....။အဘယ့်ကြောင့်ဆိုသော် တချီု့ တချို့ သော လူဆိုသော သတ္တ၀ါများသည် လူတွင်ရှိသင့်သော၊ ကျင့်အပ်သော အတ္တ နှင့် ပရ သဘောကို ဆန့်ကျင်တတ်၍ အဟိတ် တိရိစ္ဆာန် သာသာ မိမိ အတွက်ပဲ ကြည့်၍ ကျင့်သုံးနေထိုင် တတ်ကြခြင်းကြောင့် ဖြစ်ပါသည်..။ ထိုသူများသည် ပြင်ပ ဗဟိဒ္ဓိ သွင် ပြင်အရ သာ လူနှင့် တူနေသော်လည်း အမှန်စင်စစ်တော့ တိရီစ္ဆာန် သာသာ အသိရှိသော သက်ရှိသတ္တ၀ါများ ဖြစ်ပါသည်...။
ထို့ကြောင့် ""လူမှန်လျှင် လူလိုသိပါ"" ""လူလို သိဖို့ရာ လွယ်သည်မထင်နှင့် "" ဆိုသော... စသည် အသိပေး ဆောင်ပုဒ် စကားများ ကျွန်ုပ်တို့အတွက် ပေါ်ပေါက် ဖြစ်ထွန်းလာခဲ့ ခြင်း ဖြစ်ပါမည်...။

အမှန်ဆိုရသော် လောက ကမ္ဘာမြေပေါ်တွင် လူသား မိခင်နှင့် ဖခင်မှ မွေးဖွားလာသော သူတစ်ဦး ဖြစ်ပါလျှင် အခြေခံ အသိတရား
ပိုင်ဆိုင်ထားခဲ့သည် ဖြစ်၍ မိမိတို့၏ အသိညဏ်ကို တွေးတောချင့်ချိန် စွမ်းအားနှင့် ပေါင်းစပ်ကာ လူပီသရန် ကြိုးစားနေထိုင်သင့်
ကြပါသည်...။ လူသည် ခံစားမှု စွမ်းအားကို ပိုင်ဆိုင်ထား ခဲ့ပြီ ဖြစ်သည့်အလျောက် အရာရာအပေါ်တွင် ကိုယ်ချင်းစာစိတ်ထားကာ
ပရ နှင့် အတ္တကို ဒွန်တွဲကျင့်သုံး နေထိုင်သင့် ကြပါသည်..။ စာနာမှုထားသင့်ကြပါသည်..။
ထိုသို့ ဆိုလျှင် လောကတွင် ယေဘုယျ ဖြစ်ပျက်နေသော လူမဆန် မှု များသည်လည်း အမှန်တကယ် ပပျောက်ကုန်ကြမှာ သေချာ
ပါသည်.... ။ လူမဆန်မှု ဆိုရာဝယ်..... သာဓက အဖြစ်အပျက်များနှင့် တင်ပြရေးသားရသော် လွန်ခဲ့သောနှစ်အပိုင်းအခြားက မလေး ရှားနိုင်ငံတွင် ဖြစ်ပျက်ခဲ့သော ရွေမြန်မာ မင်းယောကျာင်္းကြီးတို့၏ မြန်မာ မိန်းမငယ်များ (ထိုသူတို့ အဆို ကုလားပြည့်တန်ဆာ မ များ..။)ကို သွေးမတော် သားမစပ်ပဲ ထိုမိန်းကလေးများ၏ အခန်းတွင်း ၀င်ရောက်၍ ရိုက်နှက်ကြခြင်းကို ပြလိုပါသည်...။
အမှန်တကယ် ထိုအဖြစ်အပျက်သည် လွန်စွာ အရုပ်ဆိုး အကျည်းတန် လှပါပေသည်...။ လူ ဆို၍ ခေါ်ထိုက်သူတို့ ၏ လုပ်ရပ်မျိုးပြု
လုပ်သည်ဟု လားလားမျှ မဆိုထိုက်သော သဘောရှိပါသည်...။ လူသားချင်း ဖြစ်နေရုံမျှ မက ပဲ..... ၄င်းတို့ ရိုက်နှက်ခြင်းကို ခံရသော
သူများသည် အားနွဲ့သော မိန်းမသား များဖြစ်နေကြပါသည်...။ ထိုကဲ့သို့ပဲ ရပ်ဝေးမြေခြားတွင် အနေဆင်းရဲစွာ အတူတကွ ရပ်တည်
နေထိုင်နေကြသော တစ်မြေထဲဖွား တစ်နိုင်ငံထဲ သားချင်းတွေ ဖြစ်ကြပါသည်..။
လူမှန်လျှင် လူသားတစ်ဦး၏ အသိစိတ်ဓါတ်ရှိသော သူများသာ မှန်လျှင် ထိုနေရာတွင် သူ့ဘက်ကိုယ့်ဘက် မျှတစွာ စဉ်းစား၍
တွေးတောဆုံးဖြတ်ကာ ကိုယ့်နိုင်ငံသူ များကို (အကျင့်ပျက်နေလင့် ကစာ ) ညှာတာပဲပြင်ဆုံးမ စောင့်ရှောက်ကြရမည် ဖြစ်ပါသည်..။
စကားချပ်။
(ထို ဇတ်လမ်းအား မသိလိုက်ရ၍ အကျယ် သိလိုသော်... ရှာဖွေ ကြည့်ရှု့ကြပါကုန်..။)
ယင်းကဲ့သို့ပဲ သမီးက အမေကို ပြန်ဆဲခြင်း...၊ အဖေကိုသားက မထေမဲ့မြင်လုပ်ခြင်း...၊ သက္ကင်္န်းဝတ် ဘုန်းတော်ကြီးကို အရိုအသေတန်စွာ... ရိုက်နှက်ကြခြင်း...၊ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ရုပ်ပွားတော်ကို ဗိုက်ဖောက်ကြခြင်း....မှစသော ကြီးမားသည့် လူမဆန် မှု ...လူမပီသမှု များမှသည်... ယုတ်စွအဆုံး ဘာမဟုတ်သည့် ဘာမျှမရသည့် အင်တာနက်ထဲတွင် နာမည်ဝှက်ပုန်း (ကလုန်း)များ သုံး၍ တစ်ဖက်သား ထိခိုက်နစ်နာအောင် တိုက်ခိုက်ကြခြင်းတို့သည် လွန်စွာ ရှက်ဖို့ ကောင်းကြလေပြီ...။ လူမှန်လျှင် ရပ်တန့်သင့်ကြလေပြီ...။ လူမှန်လျှင် လူဆန် သင့် ကြလေပြီ...။
အဟိတ်တိရိစ္ဆာန်ထက် သာသော အသိရှိသော လူတို့ သည် လူမှန်လျှင် လူလို့ ကျင့်ကြသင့်ပါသည်....။
""လောကတွင် အတ္တ မှရရှိလာသော ပီတိ ထက် ပရဆိုသော အများကောင်းကျိုးပြုလုပ်ဆောင်ရွက်ပေးခြင်းမှ ရရှိလာသော ပီတိ သည်
လွန်စွာ တန်ဖိုးရှိ ပါသည်..။""
ထို့ကြောင့် တိရိစ္ဆာန် ထက်သာသော လူမှန်သည် ဟု ကိုယ့်ကိုကိုယ် ခံယူပါလျှင်..... ခံယူချင်ကြပါလျှင်..... မိမိတို့၏ လုပ်ရပ်နှင့်အသိ
စိတ်များ ကို ပင်ကို ရှိနေသော လူတစ်ဦး၏ အသိဆင်ခြင်တုံတရား များနှင့် ထိမ်းသိမ်းကြပါဟု ဤ ဆောင်းပါးလေးနှင့် တိုက်တွန်းနှိုး
ဆော်လိုက်ပါသည်...။
ကကြီး။
(၂၈.၉.၂၀၁၂)

No comments:
Post a Comment