နံ့သာဆီ နဲ့ အီး...။
ဒီစာလေး ရေးဖြစ်ပုံက ဒီလိုပါ...အွန်းလိုင်း(နိုင်... ) ဆိုဒ်တွေမှာ ဘလော့/ကဗျာ ရေးသားသူ အများစုကိုတွေ့လာတော့ ....ကိုယ်သိသလောက်လေး ကိုယ်လေ့လာထားသလောက်လေးကို ပြောချင်လာတယ်......ဒါနဲ့ ဒီစာလေး ရေးဖြစ်ခဲ့တယ် ဆိုပါတော့..ဗျာ......
အတော်များများကိုလဲ ဖတ်ဖြစ်ခဲ့ပါတယ်....အထူးသဖြင့်ေ ပြာချင်တာကတော့"ဘလော" တွေ အတွက်မဟုတ်ပါဘူး....."ကဗျာတွေ" ပေါ့နော်...ဒီလိုပြောလို့လဲ ကကြီး ဆိုတဲ့
ဒီ(ငနဲ..) လူတတ်ကြီး လုပ်တယ်လို့ မမြင်စေချင်ပါဘူး.....
ဟုတ်ပါတယ်.....ကကြီး စာပေမိတ်ဆွေ တချို့နဲ့ ဆွေးနွေးဆည်းပူး မိခဲ့ သလိုပါဘဲ....ကကြီးတို့တွေ အစက ဘာမှမသိလို့ စာပေ အပေါ်လေ့လာကြတယ်...လေ့လာပါများေ တာ့..သိလာကြတယ်...
ဒါပေမယ့်...အဲ့အချိန်မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု့ ရှိရှိ သိပြီလို့ ပြောနိုင်ပြီလား ဆိုတော့....မပြောနိုင်သေးပါ.... ကိုယ်သိတယ် ဆိုတာကို..နည်းသေးတယ်..ပေါ့သေး တယ်....လို့ ဘဲ့
ထင်ခဲ့မိပါတယ်....
အဲ့တော့ ဘာလုပ်လဲ ...ကကြီးတို့ ထပ်လေ့လာ တယ်ပေါ့ဗျာ....ဒီလိုနဲ့ လူ့သက်တန်းတစ်ဝက်ကို အပြင်လောက အတွေ့အကြုံ၊ လူ့လောကရဲ့ သင်ခန်းစာတွေ၊ စာပေလေ့လာခြင်းရဲ့...အသိတရားတွေ အစရှိသဖြင့်တွေ... တော်တော်လဲ သိလာခဲ့တော့....
ကိုယ့်ကိုကိုယ် သိတယ်လို့...ခံယူတတ်၊ခံယူ လာနိုင်ကြတယ်လေ....ဒီအချိန်မှာ ကကြီးရဲ့ စိတ်တွေမှာ၊ မျက်နှာပေါ်မှာ၊စကားလုံးတိုင်းမှာ မာနတွေ ...၀င့်ထည် မှု့တွေ...မော်ကြွားခြင်းတွေ... ..
စကားဝိုင်း တိုင်းမှာ ဦးဆောင်လိုတဲ့ စိတ်တွေ.....ငါသာသိ...ငါသာတတ်.. .သည် ဆိုတဲ့ စာပေအတ္တ...တွေနဲ့ ထောင်လွှားခဲ့တာပေါ့......
ပိုဆိုးတာက...လက်ခုပ်သံတွေ...ကိုယ်ကိုတိုင် သရုပ်မခွဲမိတဲ့ လက်ခုပ်သံတွေ.....အားပေးချီြးေ မှာက်မှု့ အပေါ်မှာ ကိုယ့်ကိုကိုယ် အထင်ကြီး ဂုဏ်ယူ စိတ်တွေနဲ့...ရှင်းရှင်းပြော ရရင်..တယူသန် အတ္တတွေ နဲ့ တရားလက်လွတ် မောက်မာ ရိုင်းပြခြင်းတွေဘဲဆိုပါတော့... .......ဘာ ကို မှလဲ မြင်နိုင်စွမ်း မရှိ..... ကိုယ့်ကိုကိုယ် သိတယ်...တတ်တယ်လို့...ခံယူမိခဲ့ တာကို......
တကယ်တော့ ကကြီးတို့ ဟာမပြည့်သေးလို့ ဘောင်ဘင် ခတ်နေတဲ့ အိုးထဲကရေလို ဖြစ်နေတာပေါ့ ဗျာ....
နောက် နှစ်တွေ အတော်အတန် ကြာ ဆည်းပူး ခြင်းကို အခြေခံလာပြီး...လူ့ဘ၀ အတွေ့ အကြုံတွေနဲ့ တကွ...ကြားခဲ့ရတဲ့ လက်ခုပ်သံတွေ၊အားပေးချီးမြှောက် မှု့တွေ၊အထင်တကြီး တလေးတစား မျက်လုံးတွေ အပေါ်မှာ..... အမှန်တကယ် အမှန် ကို သရုပ်ပြန်ခွဲ မိတဲ့ အချိန်မှာ .......(၁)ကကြီး သိလာခဲ့ရတာကတော့ ဒါတွေကိုတပ်မက်နေတဲ့ စိတ်တစ်ခုရယ်.....ကိုယ့်ကိုကို ယ် အထင်ကြီး လွန်းနေတဲ့..ရှက်စရာ.."အောက်ဂလိ အာ" စိတ်ဓါတ်ကိုပါဘဲ.......
လက်ခုပ် သံ..ဆိုတာ အားပေးမှု့ တစ်ခုရယ်ပါ.........
အားပေးချီး မြှောက်မှု့ ဆိုတာ ကူညီထောက်ပံ့ပေးမှု့ တစ်ရပ်ပါ......
အထင်ကြီးလေးစား စိတ်နဲ့ ကြည့်ခံရခြင်းဆိုတာ ကြည့်နေတဲ့ ထိုသူ ကိုယ့်လောက် မသိသေးခင် ကြည့် ခံရတဲ့ အကြည် တိမ်တိမ် လေး တစ်ခုပါ.......
လက်ခုပ်သံနဲ့.. အစရှိ သဖြင့်တွေ အပေါ်မှာ မိမိ ကိုယ်တိုင် ကောင်းမွန်တဲ့ ဘက်က ....ဖြူစင်တဲ့ အတွေးအခေါ်တွေနဲ့ လက်ခံသင့်ပါတယ်.....
လက်မခံတတ်ရင်တော့...ဒီအားပေးမှု့  တွေ ဟာ...ကိုယ့်အတွက် စာပေ အဆိပ် တွေ ဖြစ်လာနိုင်သလို......အောင်မြင် မှု့ရဲ့ လဲပြိုသံပါ....အသိတရားနဲ့ စိတ်ဓါတ်ကို အပြင်းဆုံး ဖျက်တဲ့ စာပေတုန့်ပြန်မှု့ ""ပိုး"" ပါဘဲ.....""မာန်မာန ထောင်လွှားခြင်းဟာ သူထောင်လွှားခဲ့တဲ့ အကြောင်းအရာတွေ အပေါ်မှာ နောက်ဆုံး အသိမဲ့ အောင်မြင်မှု့ရဲ့ ကျရှုံးခြင်း လောင်စာပါ...""
ခံယူတတ်...ခံယူနိုင်ဖို့ အများကြီး လိုပါ တယ်.....
အထူးသဖြင့် ""ဗုဒ္ဓဘာသာ""... ၀င် တစ်ယောက်ဆိုလျှင်...""ဗုဒ္ဓရဲ့ အလိုကျ""ဗုဒ္ဓ လမ်းစဉ်..."" တရား သဘောရဲ့ တရားတော် အသိများဖြင့် ယှဉ်တွဲ ခံယူ သင့်ပါတယ်.......
နောက်....ကကြီး သိလာတဲ့...(၂)အသိတရားကတော့... ပထမ ကကြီး ဘာမှမသိဘူး...ဒုတိယ ကကြီး လေ့လာတယ်...သိလာတယ်....တတိယ ပိုသိ...ပိုတတ်ချင်လာတယ် ...ပိုလို့လဲ လေ့လာတယ်..
ပိုလို့လဲ သိလာခဲ့တယ်..... ဒီမှာ ဘာတွေ ဖြစ်လာသလဲဆိုတော့....နောက်ဆုံး ကကြီး သိခြင်း....တတ်ခြင်း..လေကလာဆည်း ပူးခြင်းတွေရဲ့ အဆုံးမှာတော့...
ကကြီး ကိုယ့်ကိုကိုယ် သိလိုက်ရတာက.....ကကြီး ဘာမှ မသိသေးပါ................
ငါဘာမှ မသိတာပါလား ဆိုတဲ့ အတွေးရယ်.....
ရေးခဲ့တဲ့ ဘလော့တွေ...ကဗျာတွေနဲ့ လူ့ လောက ပတ်ဝန်းကျင် အပေါ် ကကြီး ဆက်ဆံ ပေါင်းသင်းမှု့တွေ ဟာ....မသိတာကို အသိကြီး လုပ်တဲ့....အလွန်ရှက်ဖွယ်လိလိ.. စက်စုပ်ရွံရှာစရာ..
.အရေးအသားနဲ့ လုပ်ရပ်တွေပါဘဲ..... တကယ်တော့ အသိတွေ အားလုံးရဲ့ အဆုံးမှာ ဘာမှ "မသိတော့ခြင်း" က....တည်နေတယ် ဆိုတာ မြင်မိတဲ့ ခဏမှာ ...ငါဟာ ဘာမှ မတတ်တဲ့ ကောင်ပါလား..
ဆိုပြီး ကွက်ကွက်ကွင်းကွင်း ကို သိလိုက်ရပါတော့တယ်.....
ရှက်စရာ အလွန်ကောင်းသော မိုက်ရူးရဲ.....တယူသန် တပ်မက်မှု့ အသိတရားတွေ ပါဘဲ........
နောက် ထပ်သိလိုက်ရတဲ့ အသိတရားကတော့...ကကြီး ဘ၀ရဲ့ အတပ်မက်ဆုံး """ကဗျာဆရာ"" ဘ၀နဲ့ ကဗျာဆရာတစ်ယောက်ရဲ့ ""အပြောင်မြောက်ဆုံးသော ကဗျာ..""
ဆိုတဲ့ စာအစု အဝေး အပေါ်ပါဘဲ.... ဟုတ်ပါတယ်....သက်တန်းတလျှောက်.. .ရေးခဲ့တဲ့ ကဗျာပေါင်း ၂၀၀၀ ကျော် ပေါ်မှာ ဂုဏ်ယူခဲ့တဲ့ စိတ်တွေ ဟာ.......ကဗျာတစ်ပုဒ်ကို ဖတ်မိခဲ့ ချိန်မှာ..ကျွန်တော် ကကြီး ရဲ့ တပ်မက်ခဲ့ ၀င့်ကြွားခဲ့...ဂုဏ်ယူခဲ့ တဲ့ မူပိုင် ကဗျာတွေဟာ.....လုံးဝ အဖတ်ဆယ်မရ...တဲ့ မြောင်းပုတ်ထဲ ကို ...အလိုအလျှောက် အသွတ်သွင်း ခံလိုက်ရပါတယ်....
ကကြီး ဖတ်မိတဲ့...ဒီကဗျာလေး က.....တိုင်းနိုင်ငံ ကြီးရဲ့ အရှင်သခင် ဘုရင် ကိုလဲ တုန်လှုပ်ခြောက်ခြား..သောက များစေခဲ့တယ်.....ဥပဒေ စနစ် တစ်ခု ကိုလဲ
ပြောင်းလဲနိုင်ခဲ့ သလို...လူ့ အသက်ပေါင်း များစွာကိုလဲ ကယ်တင်နိုင်ခဲ့ ပါတယ်....မမြဲခြင်း သဘော.... သေခြင်း သဘော ...ကိုလဲ ချပြခဲ့ပါတယ်......
ချီးမွှမ်းထိုက်...ပူဇော်ထိုက်.. ..အစဉ် ဦးညွှတ်ထိုက်....ပါသည် .. တချို့များလဲ ဒီလကာင်္၊ကဗျာလေးကို သိနိုင်လောက်ပါသည်.........
ကဗျာ ရေးစပ် သီးကုံးသူကတော့.......
"""အနန္တ သူရိယ..." အမတ် ပါဘဲ........
ကဲ...ကကြီး ပြန်လည်၍....ဖတ်ဖူးသူလဲ ပြန်လှန်သုံးသပ်နိုင်ရန်....သော်လည်းကောင်း.......မဖတ်ရသေးပါက တစ်စုံတစ်ခု ရစေလိုသော...ဆန္ဒ များဖြင့် ကူးယူရေးသားဖော်ပြပေးလိုက်ပါသည်..။
ထိုကဗျာတွင်.....သံဝေဂ ရှိသည်....။ထိုကဗျာတွင်.....ဗုဒ္ဓ၏တရားတော် ရှိသည်...။ထိုကဗျာတွင်.....တောင်းပန်တိုးလျှိုးသံ ရှိသည်....။ထိုကဗျာတွင်.....ဒေသနာ ရှိသည်...။ထိုကဗျာတွင်.....လေးစားကြည်ညိုလိုခြင်း ရှိသည်...။ထိုကဗျာတွင်.....ခွင့်လွှတ်ခြင်း ရှိသည်...။ထိုကဗျာတွင်.....ပေးစပ်စွန့်လွှတ်ခြင်း ရှိသည်...။ထိုကဗျာတွင်.....လူသားတို့အတွက် ဆုံးမခြင်း ရှိသည်...။
""သူတည်းတစ်ယောက်၊ကောင်းဖို့ရောက်မူ၊သူတစ်ယောက်မှာ ပျက်လင့်ကာသာ၊ဓမ္မတာတည်း....။
ရွှေအိမ်နန်းနှင့်၊ကြငှန်းလည်းခံ၊မတ်ပေါင်းရံလျက်၊ပျော်စံရိပ်ငြိမ်၊စည်းစိမ်းမကွာ၊မင်းချမ်းသာကာ၊သမုဒ္ဒယာ ရေမျက်နှာထက်၊
ခဏတက်သည့် ရေပွက်ပမာ၊တသက်လျာတည်း...။
ကြင်နာသနား၊ငါ့အားမသတ်၊ယခုလွှတ်လည်း၊မလွတ်ကြမ္မာ၊လူတကာတို့၊ခန္ဓာခိုင်ကျဉ်၊အတည်မမြဲ၊ဖောက်လွဲတတ်သည်၊
မချွတ်စသာ၊ဓမ္မတာတည်း....။
ရှိခိုးကော်ရော်၊ပူဇော်အကျွန်၊ပန်ခဲ့တုန်၏၊ခိုက်ကြုံဝိပါတ်၊သံသာစက်၌၊ကြိုက်လတ်တွန်မူ၊တုံ့မယူလို၊ကြည်ညိုစိတ်သန်၊
သခင်မွန်ကို၊ချန်ဘိစစ်စစ်၊အပြစ်မဲ့ရေး၊ခွင့်လျှင်ပေး၏၊သွေးသည်အနိစ္စာ၊ငါ့ ခန္ဓာ တည်း........။""""
(ကိုးကား။)""နောင်တော် မင်းယဉ်နရသိင်္ခ အထိန်းတော်သား အနန္တ သူရိယကိုလည်း ဖမ်းကာသတ်လေဟု သူသတ်တို့အား အပ်လေ၏။
အနန္တ သူရိယလည်း ရဲရင့်တည်ကြည်သော နှလုံးရှိသည် ဖြစ်၍ သတ်အံ့ မူးမူးတွင် စာလကာင်္ လေးပိုဒ်ကို ဆို၍ မင်းကြီးအား ဆက်ပါဟု အပ်လေ၏။ သူသတ်တို့လည်း သတ်ပြီးမှ မင်းကြီးအား စာကို ဆက်လေ၏။ စာလေးပိုဒ်ကို ဖတ်စေ၍ ကြားတော်မူလျှင်
လွှတ်စေဟု မိန့်တော် မူလေ၏။ သူသတ်တို့လည်း လွန်ခဲ့ပြီဟု နားတော် လျှောက်၏။ မင်းကြီးလည်းစာကို ကြားတော်မူသည်ကပင် တအောက်မေ့မေ့ ၊တရှိုက်မက်မက် နောင်တကြီးစွာ ဖြစ်တော်မူ၏။
ထိုမှ စ၍ ချုပ် ရုပ်ဆည်းတားတော်မူ၍ နောက်နောင်...ငါ အမျက်တော် ရှိ၍ သတ်လေဟု အမိန့်တော် ရှိသော် တလ...လေးသီးတင်း ထားပြီး စစ်ကြော၍ သေတန်မှသေစေ....မသေးတန်သေး သူကို လွှတ်စေ ဟု မင်းဆွေစိုးမျိုး ဖြစ်သော မဟာသမန်းကို အမိန့်တော် ရှိ၏။""""""
(မှန်နန်း ရာဇ၀င်တော်ကြီး။)
ကဲဗျာ....ဘယ်လောက်လေးနက် ပြည့်ဝ လိုက်လေသလဲ.....ဘယ်လောက် အဓိပ္ပါယ်...နက်နက်နဲနဲ ချပြနိုင်တဲ့
ကဗျာပါလဲ....
ဒီကဗျာ ကို ပြန်လှန်ပြီး လေးလေးနက်နက် ဖတ်မိလိုက်ချိန်မှာ ကကြီး သိလိုက်ရပါတယ်....ကကြီးရေးခဲ့၊မော်ကြွားခဲ့၊ဂုဏ်ယူခဲ့တဲ့
ကဗျာတွေဟာ ဘာများလောကကို ချပြနိုင်ခဲ့ပါသလဲ.........
ဘာတွေများ လူသားတွေ ကို ပေးနိုင်ပါ သလဲ.........
ဘာ အဓိပ္ပါယ်နဲ့ ဘယ်လိုပေးစပ်မှု့ ပါပါ သလဲ........
တသက်စာ ဖျော်ဖျေမှု့ ဖြစ်ဖို့ဝေးစွ...တဒင်္ဂတောင် မခိုင်လုံတဲ့ အရေးအသားနဲ့ ဖွဲ့နွဲ့မှု့......မမှန်ကန်တဲ့ ရသ ကဗျာတွေ ဖြစ်ကြောင်း သာထင်ခဲ့မိတယ်ဆိုရင်.........
ကကြီး လွန်သလား..............................................
@@@@@@@@@@@@@@@@@@@@@@@@@##########@@@@@@@@@@@@@@@@@@@@@@@@@@@@@
kyagee13@gmail.com(19.2.11)4;30am
ဒီစာလေး ရေးဖြစ်ပုံက ဒီလိုပါ...အွန်းလိုင်း(နိုင်...
အတော်များများကိုလဲ ဖတ်ဖြစ်ခဲ့ပါတယ်....အထူးသဖြင့်ေ
ဒီ(ငနဲ..) လူတတ်ကြီး လုပ်တယ်လို့ မမြင်စေချင်ပါဘူး.....
ဟုတ်ပါတယ်.....ကကြီး စာပေမိတ်ဆွေ တချို့နဲ့ ဆွေးနွေးဆည်းပူး မိခဲ့ သလိုပါဘဲ....ကကြီးတို့တွေ အစက ဘာမှမသိလို့ စာပေ အပေါ်လေ့လာကြတယ်...လေ့လာပါများေ
ဒါပေမယ့်...အဲ့အချိန်မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု့ ရှိရှိ သိပြီလို့ ပြောနိုင်ပြီလား ဆိုတော့....မပြောနိုင်သေးပါ....
ထင်ခဲ့မိပါတယ်....
အဲ့တော့ ဘာလုပ်လဲ ...ကကြီးတို့ ထပ်လေ့လာ တယ်ပေါ့ဗျာ....ဒီလိုနဲ့ လူ့သက်တန်းတစ်ဝက်ကို အပြင်လောက အတွေ့အကြုံ၊ လူ့လောကရဲ့ သင်ခန်းစာတွေ၊ စာပေလေ့လာခြင်းရဲ့...အသိတရားတွေ
ကိုယ့်ကိုကိုယ် သိတယ်လို့...ခံယူတတ်၊ခံယူ လာနိုင်ကြတယ်လေ....ဒီအချိန်မှာ ကကြီးရဲ့ စိတ်တွေမှာ၊ မျက်နှာပေါ်မှာ၊စကားလုံးတိုင်းမှ
စကားဝိုင်း တိုင်းမှာ ဦးဆောင်လိုတဲ့ စိတ်တွေ.....ငါသာသိ...ငါသာတတ်..
ပိုဆိုးတာက...လက်ခုပ်သံတွေ...ကု
တကယ်တော့ ကကြီးတို့ ဟာမပြည့်သေးလို့ ဘောင်ဘင် ခတ်နေတဲ့ အိုးထဲကရေလို ဖြစ်နေတာပေါ့ ဗျာ....
နောက် နှစ်တွေ အတော်အတန် ကြာ ဆည်းပူး ခြင်းကို အခြေခံလာပြီး...လူ့ဘ၀ အတွေ့ အကြုံတွေနဲ့ တကွ...ကြားခဲ့ရတဲ့ လက်ခုပ်သံတွေ၊အားပေးချီးမြှောက်
လက်ခုပ် သံ..ဆိုတာ အားပေးမှု့ တစ်ခုရယ်ပါ.........
အားပေးချီး မြှောက်မှု့ ဆိုတာ ကူညီထောက်ပံ့ပေးမှု့ တစ်ရပ်ပါ......
အထင်ကြီးလေးစား စိတ်နဲ့ ကြည့်ခံရခြင်းဆိုတာ ကြည့်နေတဲ့ ထိုသူ ကိုယ့်လောက် မသိသေးခင် ကြည့် ခံရတဲ့ အကြည် တိမ်တိမ် လေး တစ်ခုပါ.......
လက်ခုပ်သံနဲ့.. အစရှိ သဖြင့်တွေ အပေါ်မှာ မိမိ ကိုယ်တိုင် ကောင်းမွန်တဲ့ ဘက်က ....ဖြူစင်တဲ့ အတွေးအခေါ်တွေနဲ့ လက်ခံသင့်ပါတယ်.....
လက်မခံတတ်ရင်တော့...ဒီအားပေးမှု
ခံယူတတ်...ခံယူနိုင်ဖို့ အများကြီး လိုပါ တယ်.....
အထူးသဖြင့် ""ဗုဒ္ဓဘာသာ""... ၀င် တစ်ယောက်ဆိုလျှင်...""ဗုဒ္ဓရဲ့ အလိုကျ""ဗုဒ္ဓ လမ်းစဉ်..."" တရား သဘောရဲ့ တရားတော် အသိများဖြင့် ယှဉ်တွဲ ခံယူ သင့်ပါတယ်.......
နောက်....ကကြီး သိလာတဲ့...(၂)အသိတရားကတော့...
ပိုလို့လဲ သိလာခဲ့တယ်.....
ကကြီး ကိုယ့်ကိုကိုယ် သိလိုက်ရတာက.....ကကြီး ဘာမှ မသိသေးပါ................
ငါဘာမှ မသိတာပါလား ဆိုတဲ့ အတွေးရယ်.....
ရေးခဲ့တဲ့ ဘလော့တွေ...ကဗျာတွေနဲ့ လူ့ လောက ပတ်ဝန်းကျင် အပေါ် ကကြီး ဆက်ဆံ ပေါင်းသင်းမှု့တွေ ဟာ....မသိတာကို အသိကြီး လုပ်တဲ့....အလွန်ရှက်ဖွယ်လိလိ.. စက်စုပ်ရွံရှာစရာ..
.အရေးအသားနဲ့ လုပ်ရပ်တွေပါဘဲ..... တကယ်တော့ အသိတွေ အားလုံးရဲ့ အဆုံးမှာ ဘာမှ "မသိတော့ခြင်း" က....တည်နေတယ် ဆိုတာ မြင်မိတဲ့ ခဏမှာ ...ငါဟာ ဘာမှ မတတ်တဲ့ ကောင်ပါလား..
ဆိုပြီး ကွက်ကွက်ကွင်းကွင်း ကို သိလိုက်ရပါတော့တယ်.....
ရှက်စရာ အလွန်ကောင်းသော မိုက်ရူးရဲ.....တယူသန် တပ်မက်မှု့ အသိတရားတွေ ပါဘဲ........
နောက် ထပ်သိလိုက်ရတဲ့ အသိတရားကတော့...ကကြီး ဘ၀ရဲ့ အတပ်မက်ဆုံး """ကဗျာဆရာ"" ဘ၀နဲ့ ကဗျာဆရာတစ်ယောက်ရဲ့ ""အပြောင်မြောက်ဆုံးသော ကဗျာ..""
ဆိုတဲ့ စာအစု အဝေး အပေါ်ပါဘဲ.... ဟုတ်ပါတယ်....သက်တန်းတလျှောက်..
ပြောင်းလဲနိုင်ခဲ့ သလို...လူ့ အသက်ပေါင်း များစွာကိုလဲ ကယ်တင်နိုင်ခဲ့ ပါတယ်....မမြဲခြင်း သဘော.... သေခြင်း သဘော ...ကိုလဲ ချပြခဲ့ပါတယ်......
ချီးမွှမ်းထိုက်...ပူဇော်ထိုက်..
ကဗျာ ရေးစပ် သီးကုံးသူကတော့.......
ကဲ...ကကြီး ပြန်လည်၍....ဖတ်ဖူးသူလဲ ပြန်လှန်သုံးသပ်နိုင်ရန်....သော်လည်းကောင်း.......မဖတ်ရသေးပါက တစ်စုံတစ်ခု ရစေလိုသော...ဆန္ဒ များဖြင့် ကူးယူရေးသားဖော်ပြပေးလိုက်ပါသည်..။
ထိုကဗျာတွင်.....သံဝေဂ ရှိသည်....။ထိုကဗျာတွင်.....ဗုဒ္ဓ၏တရားတော် ရှိသည်...။ထိုကဗျာတွင်.....တောင်းပန်တိုးလျှိုးသံ ရှိသည်....။ထိုကဗျာတွင်.....ဒေသနာ ရှိသည်...။ထိုကဗျာတွင်.....လေးစားကြည်ညိုလိုခြင်း ရှိသည်...။ထိုကဗျာတွင်.....ခွင့်လွှတ်ခြင်း ရှိသည်...။ထိုကဗျာတွင်.....ပေးစပ်စွန့်လွှတ်ခြင်း ရှိသည်...။ထိုကဗျာတွင်.....လူသားတို့အတွက် ဆုံးမခြင်း ရှိသည်...။
""သူတည်းတစ်ယောက်၊ကောင်းဖို့ရောက်မူ၊သူတစ်ယောက်မှာ ပျက်လင့်ကာသာ၊ဓမ္မတာတည်း....။
ရွှေအိမ်နန်းနှင့်၊ကြငှန်းလည်းခံ၊မတ်ပေါင်းရံလျက်၊ပျော်စံရိပ်ငြိမ်၊စည်းစိမ်းမကွာ၊မင်းချမ်းသာကာ၊သမုဒ္ဒယာ ရေမျက်နှာထက်၊
ခဏတက်သည့် ရေပွက်ပမာ၊တသက်လျာတည်း...။
ကြင်နာသနား၊ငါ့အားမသတ်၊ယခုလွှတ်လည်း၊မလွတ်ကြမ္မာ၊လူတကာတို့၊ခန္ဓာခိုင်ကျဉ်၊အတည်မမြဲ၊ဖောက်လွဲတတ်သည်၊
မချွတ်စသာ၊ဓမ္မတာတည်း....။
ရှိခိုးကော်ရော်၊ပူဇော်အကျွန်၊ပန်ခဲ့တုန်၏၊ခိုက်ကြုံဝိပါတ်၊သံသာစက်၌၊ကြိုက်လတ်တွန်မူ၊တုံ့မယူလို၊ကြည်ညိုစိတ်သန်၊
သခင်မွန်ကို၊ချန်ဘိစစ်စစ်၊အပြစ်မဲ့ရေး၊ခွင့်လျှင်ပေး၏၊သွေးသည်အနိစ္စာ၊ငါ့ ခန္ဓာ တည်း........။""""
(ကိုးကား။)""နောင်တော် မင်းယဉ်နရသိင်္ခ အထိန်းတော်သား အနန္တ သူရိယကိုလည်း ဖမ်းကာသတ်လေဟု သူသတ်တို့အား အပ်လေ၏။
အနန္တ သူရိယလည်း ရဲရင့်တည်ကြည်သော နှလုံးရှိသည် ဖြစ်၍ သတ်အံ့ မူးမူးတွင် စာလကာင်္ လေးပိုဒ်ကို ဆို၍ မင်းကြီးအား ဆက်ပါဟု အပ်လေ၏။ သူသတ်တို့လည်း သတ်ပြီးမှ မင်းကြီးအား စာကို ဆက်လေ၏။ စာလေးပိုဒ်ကို ဖတ်စေ၍ ကြားတော်မူလျှင်
လွှတ်စေဟု မိန့်တော် မူလေ၏။ သူသတ်တို့လည်း လွန်ခဲ့ပြီဟု နားတော် လျှောက်၏။ မင်းကြီးလည်းစာကို ကြားတော်မူသည်ကပင် တအောက်မေ့မေ့ ၊တရှိုက်မက်မက် နောင်တကြီးစွာ ဖြစ်တော်မူ၏။
ထိုမှ စ၍ ချုပ် ရုပ်ဆည်းတားတော်မူ၍ နောက်နောင်...ငါ အမျက်တော် ရှိ၍ သတ်လေဟု အမိန့်တော် ရှိသော် တလ...လေးသီးတင်း ထားပြီး စစ်ကြော၍ သေတန်မှသေစေ....မသေးတန်သေး သူကို လွှတ်စေ ဟု မင်းဆွေစိုးမျိုး ဖြစ်သော မဟာသမန်းကို အမိန့်တော် ရှိ၏။""""""
(မှန်နန်း ရာဇ၀င်တော်ကြီး။)
ကဲဗျာ....ဘယ်လောက်လေးနက် ပြည့်ဝ လိုက်လေသလဲ.....ဘယ်လောက် အဓိပ္ပါယ်...နက်နက်နဲနဲ ချပြနိုင်တဲ့
ကဗျာပါလဲ....
ဒီကဗျာ ကို ပြန်လှန်ပြီး လေးလေးနက်နက် ဖတ်မိလိုက်ချိန်မှာ ကကြီး သိလိုက်ရပါတယ်....ကကြီးရေးခဲ့၊မော်ကြွားခဲ့၊ဂုဏ်ယူခဲ့တဲ့
ကဗျာတွေဟာ ဘာများလောကကို ချပြနိုင်ခဲ့ပါသလဲ.........
ဘာတွေများ လူသားတွေ ကို ပေးနိုင်ပါ သလဲ.........
ဘာ အဓိပ္ပါယ်နဲ့ ဘယ်လိုပေးစပ်မှု့ ပါပါ သလဲ........
တသက်စာ ဖျော်ဖျေမှု့ ဖြစ်ဖို့ဝေးစွ...တဒင်္ဂတောင် မခိုင်လုံတဲ့ အရေးအသားနဲ့ ဖွဲ့နွဲ့မှု့......မမှန်ကန်တဲ့ ရသ ကဗျာတွေ ဖြစ်ကြောင်း သာထင်ခဲ့မိတယ်ဆိုရင်.........
ကကြီး လွန်သလား..............................................
@@@@@@@@@@@@@@@@@@@@@@@@@##########@@@@@@@@@@@@@@@@@@@@@@@@@@@@@
kyagee13@gmail.com(19.2.11)4;30am
No comments:
Post a Comment