အရူး တစ်ယောက်၏ ပစ္စုပ္ပန် နရီ..။
တစ်နေ့မှာ.....
အနောက်အရပ်က နေရီရီ တိမ်ခိုးတွေက ညိုလို့
ဒီကောင်ကတော့....အနာဂါတ်တွေ ကို ကျောခင်းပေးနေတယ်.......။
မီးအနီ ပြနေတဲ့လှည်းတန်း မီးပှိုင့် အထက်မှာ ......
ခို တစ်ကောင်က တေးဆို လို့....
ဒီကောင် ကတော့...မနက်(၉) နာရီမှာ ငွေစက္ကူတွေ အတွက်
ဘ၀ကို စားသုံးနေတယ်....။
အရှေ့က ပြန်လာဖို့ နေက အနောက်ကို ၀င်သွားချိန် ဘ၀တိမ်တိမ် လေးမှာ.....
နာရီ က အချိန်တွေ ကို ဖယ်ခွာပြီး.........
ဒီကောင်က...(၂၄)နာရီကို ခြေတစ်လှမ်း တင်တယ်......
ကျန်ခဲ့တဲ့ တစ်ဖက်က အက္ခရာတစ်လုံး ကြားမှာ မြုပ်နေတယ်..။
ဥတုရဲ့ တစ်ဖက်က နားတွေက
စည်းချက် မှန်တယ်....မြန်တယ်.......
မေတ္တာ တစ်ခုရဲ့ ""ဇော'" တွေက လေးနက်တယ်....နက်ရှိုင်းတယ်.....
အမြင့် က (၆)ပေ....အရေပြား က ""108"" ဖာရင်ဟိုက် ကို ခံနိုင်တယ်....
စိတ်ရင်းက အသားအရောင် နဲ့ ဆန့်ကျင်ဘက်......
ခံစားမှု့ တွေအတွက်... ကိုယ်ပိုင် အချိန်ကို
အပေါင် ထားတယ်....."အဟောင်းဆိုင်" မှာ ရောင်းစားတယ်.........။
နောက်ဆုံး.....
စက္ကန့်သံတစ်ချက်ကို ဒီကောင် သုံးသပ်ရင်းနဲ့
ကဗျာ တစ်ပုဒ်ရဲ့ ပင်ကို ဗီဇ ရှေ့မှာ ကျရှုံး တယ်....
ဒါပေမယ့်...ဒီကောင့် ပါးပေါ် က ပင်လယ် ရေ တွေ ခမ်းသွားတယ်......
နေ့နဲ့ည () လောကရဲ့ အလှကတော့ "နဂို" အတိုင်း ဘဲ.....။ ။
ကကြီး။kyagee13@
(29.4.11)11;30 pm
No comments:
Post a Comment