ကဗျာဆရာ။
နာစရာ ချရေး......
သာစရာ မျှပေး......
လဝေးရာ မှာ တမ်းချင်း ထုတ်
ခံစားမှု့ကို အထုပ်လုပ်
စကားလုံးတွေ နဲ့ (သူ) အရုပ်လုပ်တယ်....။
ဘ၀ကို ဖုံအုပ်...
ရသ ကို ဆွဲထုတ် လို့
ဆိုစေ ဆုံးမ....
မြွက်ကြား သိရာ....
ရင်မှလာ သော သွေးတို့ ချွေချ
သူ့ရဲ့ ည...။
ဝမ်းဝ တစ်လှဲ့ ငတ်တစ်လှဲ့ နှင့်
ဖြတ်ရာ ဘ၀ ခံစားသမျှ (ကို)
ခ၀ါချလို့..........၊
သူသိသော စာ ခံစားရာတို့
မြဲစဉ် ချပြ.....၊
နွေတို့ မိုးပြောင်း ဆောင်းတို့ ဟောင်း လည်း.....
(အစဉ်အမြဲ..။)
ပန်းတို့ ပွင့် ရာ သူ့ လက်မှာ...။ ။
ကကြီး။
kyagee13@gmail.com(27.5.11)
No comments:
Post a Comment