Wednesday, September 5, 2012

""ကဗျာရေးသား နည်း အစပ်(၆)ပါး နှင့် ကကြီး သိသလောက်...။""


""ကဗျာရေးသား နည်း အစပ်(၆)ပါး နှင့်  ကကြီး သိသလောက်...။""

ကျွန်တော် ခေါင်းစဉ်ပါ..အကြောင်းအရာ အတိုင်း....စာကိုစပါမယ်.....
ပထမ စရမယ့်....အကြောင်းအရာက.....""ကဗျာရေးသားနည်း အခေါ် အစပ်(၆)ပါး..ပါ...။
သိသလောက်ရေးပေးပါ့မယ်.......သိသလောက်ဆိုရာမှာလဲ...ရှေးစာဆို ကဗျာဆရာကြီးများ ကျမ်းပြုသိမ်းဆည်းထားရာ
ကျမ်းများထဲမှ ပြည့်စုံလုံလောက်အောင် တတ်အားသမျှ စုစောင်း၍ ရေးသားပြခြင်း ဖြစ်ပါသည်...။
မှီးငြမ်း ကိုးကားသော ကျမ်းများ စာအုပ်များ အနေနှင့်ကတော့.........
(၁)။ကဗျာဗန္ဓသာရ ကျမ်း.....။
(၂)။ကဗျာဖွဲ့နည်း  နိသျှည်း ကျမ်း..။
(၃)။သုတေသန သရုပ်ပြ အဘိဓါန်...(၁၉၅၅).(စာ - ၁၀)(အရှင် သြဘာသာ ဘိဝံသ။) 
     ကျမ်းများမှ ကောက်ယူ ထုတ်နုတ်ပြဆိုပေးထားပါသည်......။

အစပ်(၆)ပါး...ကိုစ၍  သိသလောက် ရေးသားရာတွင် တစ်စုံတစ်ရာ လိုအပ်ခဲ့ သည်ရှိသော်...ကကြီး ၏ လိုအပ် ပေါ့လျော့မှု့သာ ဖြစ်ကြောင်း  ကြိုတင်၍  ပြောလိုပါသည်...။

အစပ်(၆)..ပါး။        ရှေးကဖေါ်ပြလေ့ ရှိသော  လေးလုံးတစ်ပိုဒ်  ကဗျာလင်္ကာ ရေးစပ်နည်း...။


(၁)။....သက်စေ့နှက်....သုံးချက်ညီခေါ် သုံးပိုဒ်တွင်  ကာရန်သတ်ပုံ  သုံးချက်ညီ  အောင်စပ်နည်း......။
ပြည်သာနိဗ္ဗန်၊ ရှိသင့်တန်ဟု၊ ဧကန်တိတိ....။  ဗ္ဗန်...၊ တန်....၊ ကန်...။
သုံးဘော်လူ့ထံ၊ တည်ပွဲခံအံ့၊  ကြံသားခပင်း...။  ထံ...၊ ခံ...၊ ကြံ...။

(၂)။ ချိန်ခွင်လျှာ..ခေါ်   အလယ် ပိုဒ်၏   ကာရန်သတ်ပုံနှင့် ဘေးပိုဒ်တို့၏ ကာရန်သတ်ပုံများ....ကွဲလွဲသော စပ်နည်း......။
ကျေးဇူးနက်တိမ် ၊ သူ့အားချိန်၍ ၊ မွေကသိမ် ညံ့နု ။ တိမ်  ၊ ချိန်  ၊  သိမ်  ။

(၃)။ဦးတိုက်  ခေါ်  နှစ်ပိုဒ်တွင်  ရှေ့ပိုဒ်အဆုံးနှင့်  နောက်ပိုဒ် အစ တို့ကို ကာရန်သတ်ပုံ ညီထား၍ စပ်နည်း  ။
စောထီးမုနိန့် ၊မိန့်ခဲ့သောတိုင်း ။  နိန့်  ၊ မိန့်  ။

(၄)။ ဘီးလူးရယ်  ခေါ်  နှစ်ပိုဒ်တွင် ရှေ့ပိုဒ် စတုထ္ထ အက္ခရာနှင့် နောက်ပိုဒ် တတိယ(သို့) ဒုတိယ အက္ခရာတို့ကို ဖြစ်စေ၊ ရှေ့ပိုဒ် တတိယ အက္ခရာနှင့် နောက်ပိုဒ် ဒုတိယ အက္ခရာ တို့ကိုဖြစ်စေ  ကာရန် သတ်ပုံ ညီထား၍  စပ်နည်း....။
မာရ်နှိပ်ဆုံးရပ် ၊ရွှေပြည်ခပ်ရှင့် ။ ရပ် ၊ ခပ်။
များလှတွက်ကိန်း ၊ သုံးသိန်း ငါးသောင်း။  ကိန်း  ၊ သိန်း  ။
ညိုပြာမွတ်သည် ။ ဖက်ဆွတ်လေလော  ။ မွတ် ၊ ဆွတ်  ။

(၅)။ ထိပ်ချင်းခတ်  ခေါ် နှစ်ပိုဒ်တွင် ရှေ့ပိုဒ် တသတ် ,နသတ် , ဏသတ် , ကာရန်တို့ကို ..... နောက်ပိုဒ်  တသတ် ,မသတ် ,
*နိဂ္ဂဟိတ် ကာရန်တို့ ဖြင့် ဟပ်၍ စပ်နည်း.....။
သက္ကသူရိန် ၊ စည်းစိမ်သခင် ။ ရိန်  ၊ စိမ် ။

(၆)။ ထိပ်ချင်းချွတ်  ခေါ်  နှစ်ပိုဒ်တွင် ပသတ်, မသတ် , *နိဂ္ဂဟိတ် ကာရန် တို့ကို .......နောက်ပိုဒ်  တသတ် , နသတ် ,ဏ သတ် ကာရန်တို့ ဖြင့် ဟပ်၍  စပ်နည်း......။
လေးဆဲ့ကိုးလုပ် ၊ မယုတ် အင်ပြည့် ။ လုပ် ၊ ယုတ်  ။

မှတ်ချက် ။ ယင်းအစပ် (၆) ပါး အခေါ်အဝေါ်နှင့်  ကာရန် သတ်ပုံ လွှဲစပ်နည်း တို့ကို နောက်ဆရာ ကြီးတို့ ပယ်ချေ၏..။

*နိဂ္ဂဟိတ်...=သေးသေးတင် သတ်။

ကဲ...အဲ့ အစပ် (၆) ပါးမှာ....ဘီးလူးရယ်  ခေါ်  ရေးစပ်နည်းကို  နောက် ဆရာကြီးတို့က ပယ်တယ်..။


ကဲ...ဒါ  သိသလောက် ရေးသားပြတာပါ.......
ဒါဆို  နဖူးစီး  စာတမ်းက  အစပ်(၆) ပါး ...ဆိုတာကို  ကကြီး စာဖတ်သူများ ကို  တင်ပြ ပြီး ပြီ နော်......။
ဆက်လက်ပြီ   ပြောရမယ့် အကြောင်းကတော့.......ကကြီး သိသလောက်.........

""ကကြီး သိသလောက် ...""  
တကယ်ကို   သိသလောက်လေး ပါ .....
ကျွန်တော် တို့ စာတွေ ရေးကြတယ်.......ကျွန်တော် ရေးတဲ့ စာတွေ ကို  အမည်နာမ ပညတ် ချက်တွေ တပ်ကြတဲ့ အထဲမှာ
ဝတ္ထုတို၊ဆောင်းပါး၊ သတင်း.. ပါ မယ်...ပါ တဲ့ ထိုဖော်ပြပါ ...နာမ ရေးသားချက် စာစု များ မှာလည်း....စာစု အလိုက်
အရေးပါ ပါသည် ...တာဝန်ကြီး ပါသည်......သို့သော် ...တန်ပြန် ဆိုးကျိုးအနေနှင့်တော့  ရှုတ်ချ ခံရခြင်း.....
စာပေ အဆင့်အတန်း နိမ့် သည်ဟု...သတ်မှတ် ခံရခြင်း....နောက် အစရှိသဖြင့်  အနည်းငယ်သော...ထိခိုက် မှု့ မျိုးသာ လျှင် ရှိနိုင်ပါ သည်..။      မိမိ အား ကိုယ်ထိ လက်ရောက် လာရောက်  ထိခိုက်မှု့ မျိုးမရှိနိုင်ပါ...။
  သို့သော်     ထို ခေါ်ဝေါ်သော ရေးသား ရာ နာမ ပညတ် ချက် ထဲတွင်
   
""ကဗျာ"" ဆို သော နာမပါလာလျှင်တော့ကား.........  

                           မိမိ ရေးသား ရာ  ကဗျာ သည်...ရေးသား ဖွဲ့ နွဲ့ ပုံ  မတော်တဆ တိမ်းပါး ချွတ်ချော် ခဲ့ လျှင်.....
မိမိ  ရေးသားမှု့ ချွတ်ချော် တိမ်းပါးမှု့  အလျှောက်  တန်ပြန် တိုက် ခိုက် မှု့ အား ခံရ ပါ တော့ ပေ၏...။
ရေးသားမှု့ အမှားအယွင်း အနည်းအများ အပေါ် မူတည် သော    ထို ဘက် ပြန်ချက် သည်....
    မိမိ ၏  ဘ၀တိုးတက်ရေး...မိမိ စီးပွားရေး.....မိမိ  ကံတရား များ ထိအောင် ထိခိုက်တတ်ပါ သည်.....။
အဘယ့်ကြောင့် ဆိုသော်.....""ကဗျာ နိသျှည်း ကျမ်း"" အဆိုက ...""၀ါကျတ္တ ဒေါသ မျိုး (၆) ပါး "" မှမိမိ ရေးသားရာ
ကဗျာတွင် တစ်ပါး ပါး  ပါဝင်ရေးသား စပ်ဆိုမိပါက.....ထို အပြစ်  သင့်ပါတော့၏  ။ဥပမာ.....ဒေါသ ပါပြီ ဆိုပါစို့.....""ဂမ္မ ဒေါသ ""ဆိုသော  အပြစ် သင့်ပါ၏။
   ထို အပြစ် သင့် ပြီ ဆို လျှင်  ရှေးက စာပေ ပညာရှိ ကြီးများ ဆိုမိန့်ခဲ့သည့် အတိုင်း....မိမိ ရေးသားသော..
ကဗျာ၏ အကျိုး အပြစ် သည် မိမိ တွင် ဧကန် မုချ  အထက် က ဖေါ်ပြ ခဲ့ သလို ထိခိုက်တတ်ပါသည်....။

          အလွန်တရာ ကြောက်ဖို့ ကောင်းသော  ...တန်ပြန် ထိခိုက်မှု့ ဖြစ်ပါသည်...။ ကကြီး ကဗျာများ မရေးသား စေလို၍
ကြောက်အောင် ခြိမ်းခြောက်နေခြင်း မဟုတ် ပါ ...။ကဗျာ ဆိုသည် မှာ  အမှန်တကယ်တော့ ""ပညာရှိ  များ၏ ကိုယ်ပိုင်
ဥစ္စာ "" ဖြစ်ပါသည်...။
              ကဗျာ ဆိုသည် မှာ  သမိုင်းကိုနည်းနည်းသော စကားလုံး များ နှင့် ကျစ်လျစ်သော စာများကို သုံးကာ....
နောင်လာ နောင်သား တို့ ရှေ့ သမိုင်းကြောင်းများကို  တစေ့ တစောင်း  လေ့လာနိုင်ရန် သော်လည်းကောင်း..
မှတ်ဖွယ်မှတ်ရာများ   မပျောက်ပျက် အောင် ထိမ်းသိမ်းပေး သော စကား အစု အဝေး များ ဖြစ်ပါ သည်....
           တတ် နိုင်လျှင်  ကကြီး အကြံတစ် ခု  ပေးလို ပါ သည်....။ ကိုယ်ရေးသား သော  စာတစ် ပိုဒ်အား...နာမ သတ်မှတ်ရာတွင်.....ကဗျာ မပီသ ဘူး ထင် လျှင် ကဗျာ ဟု အမည်နာမ  မတပ်စေချင်ပါ ....
ကကြီး ယခု ပြောနေသော အကြောင်းအရာ ကိုယ်စားပြု သည်.....နည်းစနစ် နှင့် ဆိုင်သော ကဗျာ များကိုရည်ညွှန်း ပါသည်..။
           ကကြီး ပြောနေသော  ကဗျာ အကြောင်းအရာ ထဲ တွင်   ""ပိုစ့်မော်ဒန်.."" ဆိုသော ကဗျာ အခေါ်အဝေါ်မပါ ပါ။
ပိုစ့် မော်ဒန် သည်... ကကြီး တို့ မြန် မာ မြေ ပေါ် ရောက်သည် မှာ...နှစ်ပေါင်း (၃၀) ပင် မပြည့်တတ်သေးပါ....
ကကြီး ဆိုလို သည့် အရာ မှာ  (၄.၃.၂) (၄.၃) အစရှိသဖြင့် ရေးသားသော ကဗျာ များကို ..သာလျှင် သာ၍ ရည်ညွှန်းနေခြင်းဖြစ်ပါသည်..။
             ""ပိုစ့်မော်ဒန်"" ဆို၍  ထိုကဗျာဝေါ်ဟာရ တွင်  သမိုင်း ကြောင်း မရှိဘူး မထင်ပါနှင့်...
အလျှင်းသင့် မည့် တစ်နေ့ ကကြီး ""ပိုစ့်မော်ဒန် "" ကဗျာ နှင် စပ်လျှဉ်း၍ သိသလောက်ေ၇းသာပါ ဦးမည်....


                    ကဲ  ကကြီး သိသလောက် ဘလော့ အပေါ် မှာ မကျေမနပ်ရှိခဲ့ လျှင် စေတနာ ကကြီး စေတနာ အမှား သာ
သတ်မှတ်ကြပါကုန်...။

                    ကကြီး သိသလောက် အား  ဒီမျှနှင့်  ခဏ ဖြတ်ခွင့်ပေးပါ ...။
အဆင်ပြေ မည့် တစ်နေ့ တွင် ကကြီး သိသလောက်များ ထပ် ဆက် ပါဦး မည်...။


                                                                       ကကြီး။kyagee13@gmail.com(26.4.11)

No comments:

Post a Comment