တို့စာပေ။
မြန်မာစာပေ လေးနက်စေ၍၊
ကျမ်းပြုကိုးစား ""ဦးဝန်"" အား ကာ.....၊
လွန်စွာလေးမြတ် စွမ်းအင်တက်ဘိ၊
လေးစားလောက်ဘွယ် က၀ိငယ်ဘို့၊
ယူကြအများ နောင်လာ သားတို့
မြင့်မားစေရာ မြန်မာစာ....။
သတ်ပင်အရစ် ရေးရာကျစ်လို့၊
ရေးချအများ ယူကာငြားလည်း၊
ရေးချက်မမှန် သတ်ပုံ ပြန်က၊
သဒ္ဒါက ပျောက် တြိယာမှောက်၍၊
လိုရာမရောက် ဓိပ္ပါယ်ပျောက်၏....။
တို့ပြည် တို့စာ ရေးကျရာဝယ်၊
စိတ်မှာဆွဲထား တို့စာ အား က၊
လွန်စွာလေးနက် အစွမ်းထက်၍၊
တို့မျိုးတို့စာ ပေါ့သွမ်းစွာဖြင့်၊
သိမ်ဖျင်းစုတ်ပဲ့ အကြောင်းငဲ့၍၊
သိမ်ဖျင်းစုတ်ပဲ့ အကြောင်းငဲ့၍၊
ရေးကျယှဉ်တွဲ စိတ်မှာဆွဲလို့၊
သတိများတော့ ပြုကြလေ...။ ။
(ဦးဝန်..)=ဆရာကြီး မင်းသုဝဏ်။
ကကြီး။kyagee13@gmail.com
No comments:
Post a Comment