Wednesday, September 5, 2012

အရိပ်။


အရိပ်။

အသွေးအသားတို့၏ တည်ဆောက်ရာတိုင်းတွင်
မေတ္တာ၏ "နရီ" သည် ရှိ၏...၊
ကင်းလွတ်ခွင့်တိုင်း၏  ဘောင်စည်းတို့သည်
တားမြစ်ခြင်း၏ "အနားသတ်" တွင် ရှိ၏...၊
သဘာဝတရား၏ ဖော်ကျုးမှု့ သည်
ဥတုတို့၏ " ဓမ္မ " တွင်  ကိန်း၏...။

ပူဆွေးခြင်း နှင့် သောက ၏ လောင်မြိုက်ခြင်းတို့တွင်
အချိန်သည် ဒုက္ခနှင့် ကပ်ပါး  ခိုနေမြဲ......၊
" လ "သည် " နေ " ၏ ကျောထောက်နောက်ခံမှု့ကို  ယူကာ
မထည်ဝါသော  မော်ကြွားမှု့ကို  " ည " တွင်ပြ ၏...၊
ဆင်းရဲမှု့တို့၏  လဲပြိုရာတိုင်း တွင်
ဖောက်လွဲဖောက်ပြန် ပြုမူတတ်သော  "ကံတရား " သည် 
ရိုးသားမှု့ များ အားနင်းချေ ၏....။

" အသွား " တွင် " အပြန် " ရှိသည်.....၊
" ညတို့တွင် ...နေ့ရှိ သည်...."၊
"နေ့ တို့တွင်... ည ရှိ သည်...၊
တည်မြဲလွယ်ခြင်း တွင် ပျက်ဆီး လွယ်ခြင်း  ရှိသည်...၊
သို့သော်......။
""ငိုသံ နှင့် စသော  မွေးဖွား ခြင်း""  သည်...
""ငိုသံ နှင့် ဆုံးသော  "သေခြင်းတရား " နှင့်
ထပ်တူ ကျသော "ပဋိညာဉ် " သည်လည်း.......
အခါမလပ် ရှိနေ၏........။                           ။


                                             ကကြီး။(kyagee13@gmail.com)(17.6.11)(11;15pm)


No comments:

Post a Comment